ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကလေးဝမြို့ဒေသထွက် အစားအစာ ဇီးဖျော်ရည်

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ကလေးဝမြို့မှ ထွက်ရှိသည့် ဇီးဖျော်ရည်နှင့် မန်ကျည်းဖျော်ရည်သည် ဒေသထွက်အစားအစာအဖြစ် လူကြိုက်များ နာမည်ကြီး လှပါသည်။

    ကလေးဝမြို့၊ အမှတ် ( ၂ ) ရပ်ကွက်မှ ထုတ်လုပ်ရောင်းချလျက်ရှိသည့် ဇီးဖျော်ရည် လုပ်ငန်းရှင် ဒေါ်သီတာထံသို့ (၂၅.၁.၂၀၂၃)ရက်နေ့တွင် သွားရောက်၍ ဇီးဖျော်ရည်ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ရောင်းဝယ် ဖောက်ကားမှု အခြေအနေများကို လုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

    တွေ့ဆုံမေးမြန်းရာတွင် မိမိအနေဖြင့် ဇီးသီးများကို ဇန်နဝါရီလမှစ၍ စတင်စုဆောင်း ရပါကြောင်း၊ ဇီးသီးကုန်ကြမ်းများကို ကလေးဝမြို့နယ်များဖြစ်သည့် ကျော်ဇင်ကျေးရွာ၊ ကျွဲနံကျေးရွာများမှထွက်ရှိသည့် ဇီးချဉ်သီးများကို ဝယ်ယူရရှိပါသည်။ သကြားများကို  ကလေးမြို့မှ တဆင့် ဝယ်ယူ၍ အသုံးပြုရပါသည်။

    ကျိုချက်ရာတွင် ဇီးသီးများကို ရေစိမ်၍ စနစ်တကျဖြင့် စင်အောင်ဆေးကြောပြီးနောက် အနှစ်ကျသည်ထိ ကျိုချက်ပြီးနောက် သကြား၊ ဆားများကို သင့်တင့်ရုံထည့်ကြိုပြီး အအေးခံ၍ ပုလင်းများအတွင်း ထည့်သွင်းရောင်းချပါကြောင်း၊ ဇီးဖျော်ရည်ပုလင်းများကို ကလေးဝမြို့တွင်းနှင့် ကလေးမြို့၊ မုံရွာမြို့၊ မန္တလေးမြို့များသို့ ဒေသထွက်ဇီးဖျော်ရည်များကို လက်ဆောင်များအဖြစ် တင်ပို့ ရောင်းချလျက်ရှိပါကြောင်းနှင့် ဇီးဖျော်ရည် တစ်ပုလင်းလျှင် ( ၄၀၀၀ - ၅၀၀၀ ) ကျပ်ခန့် ပေါက်ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

     ဒေါ်သီတာအနေဖြင့် ဇီးဖျော်ရည်လုပ်ငန်းသည် နှစ်စဉ်ဝင်ငွေရရှိနေသော လုပ်ငန်း ဖြစ်ကြောင်းနှင့် မိရိုးဖလာ အိမ်တွင်းလက်မှု  တပိုင်တနိုင်လုပ်ငန်းဖြစ်သောကြောင့် စဉ်ဆက်မပြတ် ဇီးဖျော်ရည်များကို ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ ဇီးသီး ( ၂ ) တင်းခွဲလျက် ဇီးဖျော်ရည် ပုလင်း ( ၃၀ ) ရရှိပြီး တစ်နှစ်လျှင် ဇီးဖျော်ရည် ပုလင်းပေါင်း ( ၃၀၀၀ မှ ၅၀၀၀ ) ခန့်ထိ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

  

၃၁.၁.၂၀၂၃ ရက်နေ့ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်(၂၂)ခု၏ ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ

၃၁.၁.၂၀၂၃ရက်‌နေ့ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်(၂၂)ခု၏ ဆန်၊ဆီ၊မီးဖိုချောင်သုံးပစ္စည်းများ သား၊ငါး၊စက်သုံးဆီ၊ရွှေ၊ဒေါ်လာဈေးနှုန်းများအား အောက်ပါအတိုင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ဧရာဝတီတိုင်းဒေသကြီးအတွင်း နွေစပါးသီးနှံ နှင့် ပဲမျိုးစုံ ၊ ပြောင်း စိုက်ပျိုးရာတွင် အထွက်နှုန်း လျော့နည်းမှုမရှိစေရေး ဓာတ်မြေဩဇာသုံးစွဲမှု

       ဧရာဝတီတိုင်းဒေသကြီးတွင် ယခင်နှစ်ကနွေစပါးစိုက်ဧက (၁၃၇၈၈၉၅) ဧက ရှိခဲ့ပြီး တစ်ဧ ကလျှင် အထွက်နှုန်း (၉၇.၀၄) တင်း နှင့် အတွက်တင်းစုစုပေါင်း (၇၂၈၃၂၈၀၇) တင်း ထွက်ရှိခဲ့ပါ သည်။ ဧရာဝတီတိုင်းအတွင်း နွေစပါးစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းစေရန်အတွက် တောင်သူ များ မှ ဓါတ်မြေဩဇာများကိုပုံမှန်သုံးစွဲလျက်ရှိပါသည်။တိုင်းဒေသကြီးအတွင်းတွင် နွေစပါးတစ်ဧက  လျှင် ယူရီးယား (၁.၅) အိတ် ၊ ကွန်ပေါင်း (၁) အိတ် ၊ တီစူပါ (၁) အိတ် ပျမ်းမျှ အနည်းဆုံး (၃) အိတ် မှ (၄) အိတ် ထိသုံးစွဲခဲ့ပြီး ဓါတ်မြေဩဇာ (၁) အိတ်ဈေးမှာ ရှစ်သောင်းကျပ်ခန့် မှ တစ်သိန်းကျပ် ခန့်ထိ ဖြစ်ခဲ့ပါသည်။ ယခုနှစ်တွင်နွေစပါး စိုက်ဧက(၁၄၂၆၃၅၈) ဧက လျာထားခဲ့ပြီး (၁၅.၁.၂၀၂၃) နေ့ ထိ (၁၂၂၄၄၅၀)စိုက်ပျိုးခဲ့ပြီးဖြစ်ပါသည်။

       ယခုနှစ်တွင် တောင်သူများမှာ ဆန်စပါးဈေးနှုန်း ပိုမိုရရှိခြင်းကြောင့် ဓါတ်မြေဩဇာ သုံးစွဲမှုအားလျော့နည်း သုံးစွဲမှု မရှိပဲ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မှ (၁)ဧက မှ (၁၀) ဧက ထိ စိုက်ပျိုး သည့်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေ (၁၅၀၀၀၀) ကျပ် ကို သက်သာသောအတိုးနှုန်းဖြင့် ချေးငွေထုတ်ပေးခြင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေးအဖွဲ့မှ နိုင်ငံတော်ရန်ပုံငွေ ဖြင့် လျာထား နွေစပါး စိုက်ဧက အနက် မှ စိုက်ဧက (၄၀၅၀၀၀) ဧက အား ကျပ်ငွေ နှစ်သိန်း နှင့် ညီမျှသော ယူရီးယား ဓါတ်မြေဩဇာ (၂) အိတ် အားပံ့ပိုးပေးခြင်း ၊ သမဝါယမဦးစီးဌာနက သမဝါယမ အသင်းဝင်များအား တစ်ဧက လျှင် (၁၂၀၀၀၀)ကျပ် ချေးငွေထုတ်ပေးခြင်းများကြောင့် ဓါတ်မြေဩဇာသုံးစွဲမှုအား လျော့ နည်းသုံးစွဲခြင်း မရှိပဲ ပုံမှန်သုံးစွဲလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

        ဧရာဝတီတိုင်းဒေသကြီးတွင် ပဲမျိုးစုံ နှင့်ပြောင်းအား စိုက်ပျိုးလျက်ရှိရာလျာထား ပဲမျိုးစုံ စိုက်ဧက (၁၆၀၆၈၈၃) ဧက ၊ ပြောင်းလျာထားစိုက်ဧက (၅၇၆၈၈) ဧက စိုက်ပျိုးရန် လျာထား ထားရှိခဲ့ပြီး ပဲမျိုးစုံတွင် ဓါတ်မြေဩဇာ အား မြေခံအဖြစ် အနည်းငယ်သာ အသုံးပြုပါသည်။ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ဆောင်းသီးနှံ (၁) ဧက မှ (၁၀) ဧက အထိ စိုက်ပျိုး သည့်တောင်သူများ အား (၁၀၀၀၀၀) ကျပ် ချေး ငွေထုတ်ချေးခဲ့ပြီး ၊ နိုင်ငံစီးပွားမြှင့်တင်ရေးအဖွဲ့မှ ပဲတီစိမ်းစိုက်ဧက လျာထား (၂၆၉၆၈၅) ဧက အနက်မှ စိုက်ဧက (၁၅၀၀၀၀) အား တစ်ဧကလျှင်ငွေကျပ် (၁၂၀၀၀၀)နှင့် ညီမျှသော ရွက်ဖျန်းဆေးနှင့် ပိုးသတ်ဆေးများအား ပံ့ပိုးကူညီပေးခဲ့ပါသည်။ အစေ့ထုတ်ပြောင်း  စိုက်ပျိုးမှုအနေဖြင့် လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ (၁) ဧကမှ (၁၀) ဧကထိ စိုက်ပျိုးသည့် တောင်သူများအား (၁) ဧက လျှင် (၁၀၀၀၀၀) ကျပ်နှုန်းဖြင့် သက်သာသောအတိုးနှုန်းဖြင့် ချေးငွေ ထုတ်ချေးလျက်ရှိပါသည်။ အစေ့ထုတ်ပြောင်းတစ်ဧကလျှင် ယူရီးယား (၁.၅) အိတ် ၊ တီစူပါ(၁)အိတ် ၊ ကွန်ပေါင်း (၁) အိတ် စုစုပေါင်း (၃) အိတ်မှ (၄)အိတ် ပျှမ်းမျှသုံးစွဲကြောင်း၊ အစေ့ထုတ်ပြောင်း ယခင်နှစ် ဈေးမှာ တစ်တင်းလျှင် (၁၈၀၀၀)ကျပ် ၊ ယခုနှစ်တွင် တစ်တင်းဈေး(၂၀၀၀၀) ကျပ် ဖြစ်ပေါ်နေသဖြင့် တောင်သူများမှာဈေးကောင်းရရှိသည့်သီးနှံများဖြစ်သည့်အတွက် အထွက်နှုန်းကောင်း စေ ရန် ဓါတ်မြေဩဇာများကို ယခင်နှစ်နည်းများအတိုင်း ပုံမှန်သုံးစွဲလျက်ရှိကြောင်း လေ့လာသိရှိရပါ သည်။

DOCA(ဧရာဝတီ)

 

သင်္ဘောသီးစိမ်း/မှည့်၏ အသုံးဝင်ပုံနှင့်ဈေးနှုန်းများ

         သင်္ဘောသီးပင်ကို မြန်မာနိုင်ငံတွင် နေရာအနှံ့အပြား စိုက်ပျိုးကြပြီး အပူပိုင်းနှင့် အပူအနည်း ငယ်လျော့သည့် ဒေသများတွင် ပိုမိုဖြစ်ထွန်းပါသည်။ သင်္ဘောပင်တွင် အဖိုပင်၊ အမပင်နှင့် လိင်စုံပင် ဆိုပြီး (၃)မျိုးရှိပါသည်။ အမပင်နှင့် လိင်စုံပင်တွေက ပုံမှန်အသီး သီးလေ့ရှိသော်လည်း အဖိုပင်မှာ များသောအားဖြင့် ပန်းပွင့်စောထွက်လေ့ရှိပြီး အခိုင်လိုက်ပွင့်လျှင် အဖိုပင်ဖြစ်ကာ အသီး သီးအောင် အဖိုပင်ကို ထိခိုက်ဒဏ်ရာရအောင် ထိပ်ပိုင်း ဖြတ်ခြင်း၊ ပင်စည်အောက်ခြေပိုင်းကို တုတ်ချောင်း ရိုက်သွင်း အဝတ်စပတ်ပေးခြင်း စသည့်အရာများလုပ်ပေးခြင်းဖြင့် အဖိုပင်များကြားတွင် အမပွင့်များ ပြောင်းလာကာ အသီးငယ်များ သီးလာတတ်ပါတယ်။ သင်္ဘောသီးအစိမ်းကို သင်္ဘောသီးသုပ်၊ ယိုးဒယား သင်္ဘောသီးထောင်း၊ ယိုးဒယား သင်္ဘောသီး အပြားသုပ် စသောအမယ်များအပြင် အသုပ်စုံ ထဲတွင်လည်း အနည်းငယ်ထည့်၍ စားလေ့ရှိပါသည်။ ပြည်ဈေးကွက်တွင် သင်္ဘောသီးစိမ်း တစ်လုံးလျှင် အလုံးအကြီး/အသေးပေါ်မူတည်၍ ကျပ် ၄၀၀-၅၀၀-၆၀၀ခန့် တို့ဖြင့် ရောင်းချ လေ့ရှိပါသည် ။ သင်္ဘောသီးစိမ်းတွင် ကျန်းမာရေးအတွက် အထောက်အကူပြုသော ဝမ်းလည်းမှန်၊ အမျှင်ဓါတ်၊ ကယ်ဆီယမ်ဓါတ်၊ သံဓါတ်နှင့်  ဗီတာမင်တွေများစွာပါဝင်ပြီး အူတွင်းလုပ်ဆောင်ချက် လည်းကောင်း၊ ကိုယ်ခံအားလည်းကောင်းစေခြင်းအပြင် သင်္ဘောသီးမှည့် ချိုချိုလေးနှင့့်ဆို ရင်အေး စေပြီး အချိုပွဲတွေ၊ အချိုရည်တွေအဖြစ် စားသောက်ကြပါသည်။ သင်္ဘောသီးမှည့်ကို အသားအရေ ထိန်းသိမ်းခြင်းဆိုင်ရာ အလှအပ အတွက်လည်း အသုံးများလာပါသည်  ။ မျက်နှာအသားအရေ ခြောက်နေသောသူများ၊ အဆီပြန်ပြီး ဝက်ခြံတွေပေါက်သောသူများ မျက်နှာပေါင်းတင်ရာတွင် အသုံး ပြုကြပါသည်။ ပြည်မြို့ ဈေးကွက် အတွင်းမှာ သင်္ဘောသီးမှည့် (ထိုင်ဝမ်သီး) အသေး ၅၀၀ကျပ်၊ အလတ် ၁၀၀၀ကျပ်၊ ကြီးချော ၁၅၀၀ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစုတင်ပြခြင်း

      တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

ပြည်ကြက်သွန်နီဈေးနှုန်းများကျဆင်း

         ယခုကာလတွင် ပြည်စားဖိုဆောင်သီးနှံဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းများ (၁၀)ရက် အတွင်း တစ်ပိဿာလျှင် ရက်ခြား ကျပ် ၂၀၀ ကျဆင်းသွားသဖြင့် ယခင်အမြင့်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကျပ် ၅၀၀-၆၀၀ ခန့်ကျဆင်းသွားပါသည်။ ဈေးနှုန်းများကျဆင်းသွားသဖြင့် အဝင်များ လည်းပိုလာပြီး တောင်တွင်း၊ ဆိပ်ဖြူ၊ ရေနံချောင်းဘက်မှ ကြက်သွန်နီအိတ် ၅၀၀ခန့် ရက်ခြား အဝင်ရှိပါသည်။ အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်သော်လည်း  ဝင်ရောက်မှု၏ သုံးပုံနှစ်ပုံ ခန့်ကို ဒေသတွင်းဝယ်လက်များ၊ အိတ်ဆွဲဝယ်ရောင်းသမားများနှင့်ပန်းတောင်း(ဥသျှစ်ပင်)၊ သာယာ ဝတီ ခရိုင်၊ ဧရာဝတီတိုင်း(မြန်အောင်၊ ကြံခင်း)၊ ရခိုင်ပြည်နယ် (တောင်ကုတ်)တို့သို့ စီးဆင်းမှုများ ရှိနေပါသည်။ ဈေးနှုန်းများအနေဖြင့်  ပွဲရုံလက်ကားဈေးတစ်ပိဿာကို (ကြီး/လတ်/သေး) ကျပ် ၁၉၀၀/ ၁၈၀၀/၁၆၀၀ နှုန်းတို့ရှိပြီး လက်လီရောင်းချသည့် ဈေးများတွင် ၂၁၀၀/၂၂၀၀-၂၃၀၀/၂၄၀၀ နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

          ၂၀၂၃ခုနှစ် ဇန်နဝါရီလ စတုတ္ထပတ်အတွင်း ရွှေဘိုမြို့နယ်တွင် ဖြစ်ပေါ်ခဲ့သော အခြေခံစားကုန်များ၏ ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းဆန်(ဟောင်း) တစ်ပြည် ၃၈၀၀ကျပ်၊ ဧရာမင်းဆန်(ဟောင်း) တစ်ပြည် ၂၈၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်းဆန်(သစ်) တစ်ပြည် ၂၉၀၀ကျပ်၊ ဧရာမင်းဆန်(သစ်) တစ်ပြည် ၂၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ(သစ်) လက်လီဈေးမှာ (ကြီး) တစ်ပိဿာ ၂၃၀၀ကျပ်၊ (လတ်) တစ်ပိဿာ ၁၈၀၀ကျပ်၊ (သေး)တစ်ပိဿာ ၁၃၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၇၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၁၈၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

          ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၂၅၀ကျပ်၊ (သေး) တစ်လုံး ၂၀၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၃၀၀)ကျပ်၊ (သေး)တစ်လုံး (၂၅၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၇၀၀၀ကျပ်မှ ၉၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၇၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၆၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

          စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျင် ၁၂၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  စားအုန်းဆီ တစ်ပိဿာလျင် ၆၇၅၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျင် ၁၃၀၀၀ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစီမံကိန်းဆောင်ရွက်

         စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် ဆည်ရေပေးဝေနိုင်သည့်အပေါ်မူတည်၍ နွေစပါး များကိုစိုက်ပျိုးလျက်ရှိရာ ၂၀၂၁-၂၀၂၂ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် ခင်ဦးမြို့နယ်တို့တွင် (၁၀၀၇၅၂)ဧကစိုက်ပျိုးခဲ့ပြီး ၂၀၂၂-၂၀၂၃ခုနှစ်တွင်လည်း  နွေစပါးစိုက်ပျိုးရေပေးဝေနိုင်ရေးအတွက် ဆည်ရေများလုံလောက်မှုရှိကြောင်း၊ နွေစပါးများကို မတ်လနှင့် ဧပြီလများတွင် စိုက်ပျိုးမည်ဖြစ်ရာ နွေစပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးသော ခရိုင်များအနေဖြင့် နိုင်ငံတော်အစိုးရ၏ အရေးကြီးလုပ်ငန်းစဉ်ဖြစ်သည့် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစီမံကိန်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊  စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ပေါင်း(၉)ခုမှ တောင်သူပေါင်း(၂၇၂၇)ဦးပါဝင်၍ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစီမံကိန်း ဆောင်ရွက်မည့်လျာထားဧကမှာ (၁၀၄၅၀)ဧကဖြစ်ကြောင်း သက်ဆိုင်ရာဌာနမှ သတင်းရရှိပါသည်။

            စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်မည့်နေရာဒေသရွေးချယ်ရာတွင် သက်ဆိုင် သည့်ဌာနများ၊ စိုက်ပျိုးမည့်တောင်သူဦးကြီးများအပြင် ဝယ်ယူကြိတ်ခွဲသည့် အစုအဖွဲ့ဖွဲ့စည်း၍ ဆောင်ရွက်ရသဖြင့် ဝယ်ယူကြိတ်ခွဲခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နိုင်မည့် ဆန်စက် လုပ်ငန်းရှင်များအားဖိတ်ကြား၍ ညှိနှိုင်းစည်းဝေးခြင်းများဆောင်ရွက်ခဲ့ရာ ကျေးရွာများတွင်ရှိသော ဆန်စက်လုပ်ငန်းရှင်များ၏ ဆွေးနွေးညှိနှိုင်းမှုအရ ၎င်းတို့ဆန်စက်တည်နေရာနှင့် ဆက်စပ်လျက်ရှိသော ကျေးရွာအုပ်စုများကိုသာ တာဝန်ယူ၍ကြိတ်ခွဲတင်ပို့ခြင်းများကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်သဖြင့် ကြိတ်ခွဲမည့်ဆန်စက်နှင့် နီးစပ်သောကျေးရွာများ၊ တာဝန်ရှိပုဂ္ဂိုလ်များ အမှန်တကယ် မြေပြင်ကွင်းဆင်း ဆောင်ရွက်နိုင်သည့်ကျေးရွာများနှင့် စီမံကိန်းအမှန်တကယ် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်ကျေးရွာများကိုသာ ဦးစားပေး၍ရွေးချယ်ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

          ၂၀၂၃ ခုနှစ် ဇန်နဝါရီလ စတုတ္ထပတ်အတွင်း မုံရွာမြို့နယ်တွင် ဖြစ်ပေါ်ခဲ့သော အခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၃၆၀၀)ကျပ်၊ ဧရာမင်းဆန်တစ်ပြည်အဟောင်း (၃၀၀၀) ကျပ်နှင့် ဧရာမင်းဆန်တစ်ပြည်အသစ်(၂၈၀၀)ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ စားအုန်းဆီ တစ်ပိဿာလျှင်(၆၇၅၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင်(၁၂၀၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီ တစ်ပိဿာလျှင် (၂၄၀၀)ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ (ဗမာ) တစ်ပိဿာ လျှင် (၅၅၀၀)ကျပ်မှ (၆၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ (၅၅၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ(၅၅၀၀)ကျပ်ထိ၊ ချင်း တက်တစ်ပိဿာ လျှင် (၁၉၀၀)ကျပ်မှ (၂၀၀၀)ကျပ်ထိ၊ ငရုတ် ခြောက်အမျိုးအစားအလိုက်  (၁၈၀၀၀)  ကျပ် မှ (၁၉၀၀၀)ကျပ်ထိ၊ အာလူး (၂၃၀၀)ကျပ်မှ (၂၄၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၆၀၀)ကျပ်မှ (၁၈၀၀)ကျပ်တို့ ဖြင့်အရောင်းအဝယ်ဖြစ်လျက်ပါသည်။

        ကြက်ဥလက်လီဈေးနှုန်းမှကြီး တစ်လုံး(၂၅၀)ကျပ်၊ သေးတစ်လုံး(၂၀၀)ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၃၀၀)ကျပ်၊ သေးတစ်လုံး(၂၅၀)ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာ( ၉၀၀၀)ကျပ်မှ  (၉၅၀၀)ကျပ်ထိ ၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာ(၁၅၀၀၀)ကျပ်မှ (၁၆၀၀၀) ကျပ်ထိ၊ အမဲသားတစ်ပိဿာ (၁၄၀၀၀) ကျပ်မှ (၁၆၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၆၀၀၀) ကျပ် တို့ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

          ဇန်နဝါရီလ စတုတ္ထပတ်တွင် အခြေခံစားကုန်များဖြစ်သည့် ဆန်၊စားအုန်းဆီ၊ နှမ်းဆီနှင့် ပဲဆီ ဈေးနှုန်းများသည် ယခင်ပတ်ထက်ဈေးတက်ပြီး ခရမ်းချဉ်သီးနှင့် ဈေးနှုန်းများသည် ယခင်အပတ် ထက်ဈေးအနည်းငယ်ကျကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 လက္ဖက်၊ ပဲကြမ်းရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

          ကလေးမြို့နယ်၊ အောင်မြေမာန်ရပ်ကွက်သို့ စားသုံးသူရေးရာဉီးစီးဌာနမှ ဒေါ်စန္ဒာမွန် (ဒု-ဉီးစီးမှူး ) နှင့် ဝန်ထမ်းများသည်      ( ၂၆.၁.၂၀၂၃ ) ရက်နေ့တွင် ကလေးမြို့နယ်၊ အောင်မြေမာန် ရပ်ကွက်ရှိ လ္ဘက်ရောင်းဝယ်ရေးလုပ်ငန်းရှင်  ဒေါ်စန်းရင်နှင့်သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

လက္ဖက်လုပ်ငန်းရှင်ဒေါ်စန်းရင်က ဇန်နဝါရီလပိုင်းအတွင်းတွင် ရောင်းဝယ်ဖောက်ကားမှု အနေဖြင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် လက္ဖက်နှင့်ပဲကြမ်းများ ပြတ်လပ်မှုများရှိကြောင်းနှင့် မြို့နယ်တွင်းသာ ရောင်းချရလျက်ရှိပြီး ပေါက်ဈေးနှုန်းအနေဖြင့်  ရောင်းဈေးနှုန်းများမှာ လ္ဘက်အခါး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ နှစ်ပြန်ကြော်တစ်ပိဿာလျှင် ( ၈၅၀၀ ) ကျပ်၊ ကုလားပဲကြမ်းတစ်ပိဿာလျှင် ( ၆၈၀၀ ) ကျပ်၊ မြေပဲစားလှော်တစ်ပြည် ( ၆၅၀၀ ) ကျပ်၊ စေျးနှုန်းဖြင့် ရောင်းချလျှက်ရှိပါကြောင်း၊ ယခုနှစ်လုပ်ငန်းများ လုပ်ဆောင်ရာတွင်  လမ်းခရီး ကြန့်ကြာမှုများကြောင့် ပစ္စည်းများပြတ်လပ်မှုများရှိပြီး ဈေးကွက်ရောင်းချမှု အနေဖြင့်လည်း ယခင်နှစ်များကထက် တစ်ဝက်ခန့်သာ ရောင်းချလျှက်ရှိပါကြောင်းနှင့် ယခင်နှစ်များကဲ့သို့ ရောင်းဝယ်မှုများမကောင်းဘဲ စားဝတ်နေရေးအတွက်သာ ရောင်းချရလျက်ရှိကြောင်း၊ လက္ဖက်၊ ပဲကြမ်းရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်စန်းရင်မှ ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း