Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
12 May 2023

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူး ဦးမြင့်ဌေးသည် (၈-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီတွင် လပွတ္တာမြို့နယ်၊ ဆာကျင်းကျေးရွာ၊ “ဖြိုးရတနာကြွယ်”ဆန်စက်သို့သွားရောက်၍ ဆန်/စပါး၊ ဈေးကွက်အခြေအနေနှင့် စီးဝင်/စီးထွက်မှုအခြေအနေများအား ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

12 May 2023

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေးကုသရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၅-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင်  မော်ကျွန်းမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ ပြည့်စုံမှုရှိ/မရှိကို နယ်မြေဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

12 May 2023

   (၈-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးသည် လွိုင်ကော်မြို့၊ မြေနီကုန်းရပ်ကွက်ရှိ “တော်ဝင်(၁+၃)” စက်သုံးဆီအရောင်းဆိုင်နှင့် ပြည်အောင်ရတနာစက်သုံးဆီအရောင်းဆိုင်များ၌ ပြည်နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီနှင့်အတူ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

12 May 2023

    မွန်ပြည်နယ်၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ၏ MSMEs Talk Show စကားဝိုင်းဆွေးနွေးပွဲကို (၉-၅-၂၀၂၃) ရက်နေ့တွင် ကျိုက်မရောမြို့၊ အ-ထ-က(ကျိုက်မရော)၊ ပညာ့ဗိမာန်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သတင်းမီဒီယာများတက်ရောက်ခဲ့ကြသည်။

12 May 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်ရုံးမှ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၈-၅-၂၀၂၃) ရက်နေ့တွင် ဘီလင်းမြို့၊ ဘိုးရာဇာရပ်ကွက်ရှိ (ဦးကိုကိုကြီး+‌ဒေါ်ကြည်ကြည်အေး) ဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Pages