သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးသည် ကရင်ပြည်နယ်အတွင်း ပုဂ္ဂလိကကဏ္ဍဖွံဖြိုးတိုးတက်စေရေးနှင့် MSME လုပ်ငန်းများဖွံဖြိုးတိုးတက်စေရေးအတွက် (၈-၈-၂၀၂၃) ရက်နေ့၊ ညနေ (၁၆း၀၀) နာရီအချိန်တွင် ဘားအံမြို့၊ ကမ်းနားလမ်းရှိ စိန်ဆီစက်တွင် ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါသည်။
၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ရွှေညောင်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များနှင့် တောင်နီကျေးရွာရှိ သီးနှံမျိုးစေ့၊ စိုက်ပျိုးရေး သုံးပစ္စည်းနှင့် ဓာတ်မြေဩဇာဆိုင်များသို့ စက်သုံးဆီရောင်းချမှုအခြေအနေ၊ စက်သုံးဆီအချိန် အတွယ်မှန်ကန်မှု ရှိ/ မရှိ၊ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ က အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် (၈.၅.၂၀၂၃)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက်ရှိ ကိုနေလင်း လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသော ကုန်စုံဆိုင်သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင် ဦးစီးမှူး ဦးအောင်ကျော်ဦးသည် (၈.၅.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဗန်းမော်ခရိုင် ဦးစီးမှူးရုံး၌ ဗန်းမော်မြို့တွင်းရှိ သောက်ရေသန့် ဖြန့်ဖြူးရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်(၇)ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
(၅-၅-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌ ရှမ်းပြည်နယ်တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ လူငယ်ရေးရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပခဲ့ပါ သည်။