Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
10 May 2023

    မြန်မာ့သဘာဝရော်ဘာ အရည်အသွေး စမ်းသပ်စစ်ဆေးရေးဓာတ်ခွဲခန်း လုပ်ငန်းများ စီမံခန့်ခွဲမှုလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဥ်း၍ ဆွေးနွေးမည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၉-၅-၂၀၂၃ ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

09 May 2023

      ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင်နှင့်  ဝန်ထမ်းများသည်  (၅.၅.၂၀၂၃)ရက်နေ့ ၊    နံနက်(၁၀:၀၀)နာရီက     အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိ/မရှိ နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

09 May 2023

    ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်  ဝန်ထမ်းတို့သည် ဧပြီလ(၂၇)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မစိမ်းကျေးရွာရှိ ဒေါ်စန္ဒာနေအိမ် စာကျက်ဝိုင်းတွင် စာသင်ကြားနေသော ကျောင်းသား/ကျောင်းသူ(၇)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

09 May 2023

      ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၄.၅.၂၀၂၃)ရက်နေ့၊နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူ ပြည်သူများအား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

09 May 2023

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၅.၅.၂၀၂၃) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် မအူပင်မြို့ တာပါတ် အနောက်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းရှိ ပြည်သူ (၈၁) ဦးအား ဌာနဆိုင်ရာများနှင့်အတူ ပြည်သူအသိပညာပေး ကွင်းဆင်း၍ ဟောပြောခဲ့ကြပါသည်။

Pages