Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
12 May 2023

      မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၄-၅-၂၀၂၃) ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

12 May 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၈-၅-၂၀၂၃) ရက်နေ့တွင် ဘီလင်းမြို့၊ ဗိုလ်တေဇရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(အ-လ-က)(ခွဲ)တွင်ဖွင့်လှစ်ကျင်းပသော ယဉ်ကျေးလိမ္မာသင်တန်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောကျင်းပခဲ့ရာ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များအကြောင်း ရှင်းလင်းပြောကြားပြီးနောက် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ရပ်တို့ကိုရှင်းလင်းကာ ဘေးအန္တရာယ်ကင်းသောကုန်စည်နှင့်ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူအသုံး

12 May 2023

     ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာနတို့ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် (၈-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ကျောက်တော်မြို့ပေါ်ရှိ ရေသန့်ထုတ်လုပ်သောစက်ရုံ(၅)ရုံသို့သွားရောက်ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းသောကုန်ပစ္စည်းထုတ်လုပ်ရောင်းချရေးနှင့် သောက်ရေသန့်ဘူးပေါ်တွင် ကုန်

12 May 2023

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးဦးဆောင်၍ ကရင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံစေရေးနှင့် ဆီနှင့်ဆီထွက်သီးနှံပိုလျှံထုတ်လုပ်နိုင်စေရေးအတွက် ဘားအံမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ “စိန်မိသားစု” မြေပဲဆီနှင့်နှမ်းဆီထုတ်လုပ်ရေးဆီစက်သို့ (၈-၅-၂၀၂၃) ရက်နေ့၊ ညနေ (၁၆:၀၀) နာရီအချိန်တွင် ကုန်ကြမ်းရရှိမှုအခြေအနေများ၊  ကုန်ကြမ်းနှင့်ထုပ်ပိုးပစ္စည်းများဝယ်ယူစုဆောင်းမှုအခြေအနေများကို သွားရောက်အားပေးကွင်းဆင်းကြည့်ရှုစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။

11 May 2023

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ရေတာရှည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံနှင့်အတူ (၄-၅-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းက ရေတာရှည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာများ အသိပညာပေးခြင်းကို Talk Show အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

Pages