Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
11 May 2023

   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ၊ ဒေါ်သန္တာစိုးသည် ဖြူးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးစောမင်းသူဦးဆောင်၍  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သောအဖွဲ့သည် (၂-၅-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းက ဖြူးမြို့၊ ဘူတာမြောက်ရပ်ကွက်ရှိ “ရွှေပြည်စိုး”မုန့်မျိုးစုံလုပ်ငန်းသို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်ချက်များကို လေ့လာကြည့်ရှုခဲ့ပါသည်။

11 May 2023

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေးနှင့် စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး စားအုန်းဆီ ကမ္ဘာ့စျေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများ ဖြစ်ပေါ်စေ

11 May 2023

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေး ဥပဒေကတွန်းအားပေးဆောင်ရွက်သောလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် စားသုံးသူများ၏ စွမ်းဆောင်နိုင်မှု အဆင့်အတန်းကို လေ့လာအကဲဖြတ်တိုင်းတာနိုင်ရန်၊ စားသုံးသူကာကွယ်ရေးဆိုင်ရာမူဝါဒများနှင့် မဟာဗျူဟာများကိုချမှတ်ရာတွင်

11 May 2023

     စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု -ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း (၁) ဦးတို့သည်(၈.၅.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ အင်းရွာသစ်ရပ်ကွက်ရှိ “ရွှေကမ္ဘာ”ပဲကြော် လုပ်ငန်းရှင် ဦးပေါ်ဌေး- ဒေါ်သန်းသန်းထွေး တို့နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

11 May 2023

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ (၉.၅.၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

Pages