Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
09 May 2023

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၅.၅.၂၀၂၃) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် မအူပင်မြို့ တာပါတ် အနောက်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းရှိ ပြည်သူ (၈၁) ဦးအား ဌာနဆိုင်ရာများနှင့်အတူ ပြည်သူအသိပညာပေး ကွင်းဆင်း၍ ဟောပြောခဲ့ကြပါသည်။

09 May 2023

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူးသည် (၅.၅.၂၀၂၃) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ် ဂရက်ကျော်ကျေးရွာရှိ ပြည်စုံအောင်ဆန် ဆန်စက်လုပ်ငန်းခွင့်သို့ သွားရောက်၍ ဈေးကွက်မရောက်မီ ကုန်ပစ္စည်းများအား ဘေးအန္တရာယ်ကင်း ရှင်းစွာထုတ်လုပ်နိုင်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အဖွဲ့ဝင်များဖြင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

09 May 2023

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Showကို မေလ ၅ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လူထုအခြေ ပြုဗဟိုဌာန Communit Center ခန်းမ၌ စားသုံးသူအသိပညာပေး Talk Show ကျင်းပပြု လုပ်ခဲ့ကြပါ သည်။

09 May 2023

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း တရားမဝင်တင်သွင်းလာသည့် ကုန်စည်များအား လက်လီ၊ လက်ကားအရောင်းဆိုင်၊ Shopping Mall များမှတဆင့် ဈေးကွက်အတွင်း ဖြန့်ချိခြင်း၊ လက်လီရောင်းချခြင်းများမပြုလုပ်စေရေး အသိပညာပေးခြင်း၊ စစ်ဆေးခြင်းလုပ်ငန်းများကို     (၅.၅.၂၀၂၃)ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သည့် တိုင်းဒေသကြီး အကောက်ခွန် ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် FDA တို့မှ တာဝန်ရှိသူများပါဝင

09 May 2023

       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးဦးဆောင်၍ ဒု-ခရိုင်ဦးစီမှူးနှင့် ဝန်ထမ်း(၃)ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ၅.၅.၂၀၂၃ ရက်နေ့ နံနက်(၁၀း၃၀)အချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ “ကောင်းစံ”စတိုး၊ “ဆန်းသစ်ဝေ”စတိုး၊ “banner” Mini Mart ဆိုင် (၃)ဆိုင်သို့ ကွင်းဆင်း၍ တရားမဝင်တင်သွင်းလာသော ကုန်စည်များရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

Pages