ကုန်သွယ်မှုသတင်းများ
စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို လွိုင်ကော်မြို့နယ် မှုံပြာ၊ လင်ဖုံလေး၊ ရေနီကန်ကျေးရွာများတွင် စိုက်ပျိုးကြပြီးထွက်ရှိသောငရုတ်သီးစိမ်းကို ဒေသတွင်းဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချကြကြောင်း၊ ဒေသခံလူမျိုးများမှာလည်း ငရုတ်သီးကို ဒေသရိုးရာအစား အသောက် များ၊ဟင်းလျာများတွင်မရှိမဖြစ်အများဆုံးအသုံးပြုကြပါသည်။ ယခုလက်ရှိ စက်တင်ဘာလ စတုတ္ထပတ်တွင် ဈေးကွက်အတွင်း ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၃၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ယခင်ဩဂုတ်လစတုတ္ထပတ်တွင် ငရုတ်သီးစိမ်းတစ်ပိဿာလျှင
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနဌာနခွဲအနေဖြင့် အခြေခံစားကုန်များ၏ ဆိုင်ရာအချက်အလက်များကို အပတ်စဉ်တင်ပြလျက်ရှိပါသည်။
မုံရွာမြို့၊ ကန်သာယာဈေးတွင် ဒေသအသီးသီးမှ မျှစ်၊ မှိုများ ဝင်ရောက်လျက်ရှိပြီး ဈေးကွက်တွင် တွင်ကျယ်စွာ ရောင်းဝယ်ဖောက်ကားလျက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတွင် မိုးများစွာရွာသွန်း၍ မျှစ်၊ မှိုများ ပေါက်ရောက်မှု များပြားသဖြင့် ချင်းတွင်းမြစ်၏ တစ်ဖက်ကမ်းဖြစ်သော ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ မင်းကင်းမြို့များနှင့် မုံရွာခရိုင်အတွင်းရှိ ဘုတလင်ဒေသမှထွက်သော မျှစ်နှင့်မှိုများ ကန်သာယာဈေးတွင် နေ့စဉ်ရောင်းချလျက်ရှိကြောင်း သိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် မေလ လဆန်းပိုင်းမှ စတင်၍ ကုန်စည်ဒိုင်စတင်ပြန်လည်လည်ပတ်ခဲ့ကြောင်းသိရပါသည်။ စက်တင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသောပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းကျပ်၅၀၀၀၀၊ ပဲစဉ်းငုံတစ်တင်းကျပ် ၆၇၀၀၀၊ မတ်ပဲ တစ်တင်းကျပ် ၆၄၀၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ကျပ် ၆၀၀၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၆၁၀၀၀၊ ကုလားပဲ V2 တစ်တင်းကျပ် ၆၄၀၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၆၆၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များပိုမိုခိုင်မာ အားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရော