ကုန်သွယ်မှုသတင်းများ
ပြည်ပဲဈေးကွက်၏ လက်လီရောင်းဝယ်မှုအဖြစ်များသော ပဲများထဲတွင် စားတော်ပဲ သီးနှံမှာ ဈေးအမြင့်ဆုံးနှင့် စံချိန်တင် ဈေးကောင်းရနေသော သီးနှံတစ်မျိုးဖြစ်ပါသည်။ စားတော်ပဲ သီးနှံ သည် နှစ်စဉ်ဈေးကောင်းရသော်လည်း ယခုနှစ်တွင် ပဲတစ်တင်း ကျပ် တစ်သိန်းကျော်ထိ မြင့်တက် ခဲ့သလို ယခုစက်တင်ဘာလအတွင်း ပိဿာ ၂၀တစ်တင်းလျှင် ၁၃၅၀၀ကျပ်ဖြင့် လက်လီ သမား ဝယ်ယူမှုဖြင့် တစ်ရက် အိတ် ၂၀ကျော်ရောင်းချမှုရှိခဲ့ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကလည်း ပဲဈေးကွက်တွင် ဈေးအမြင့်ဆုံးရခဲ့သော်လည်း တစ်တင်း ၇သောင်းကျပ်
ပြည်ဈေးကွက်တွင် ရှမ်းအာလူး လက်ကား(ပွဲရုံဈေး) တစ်ပိဿာကို အာလူးအလုံးအကြီး အသေးပေါ်မူတည်၍ ၂၂၀၀-၂၄၀၀-၂၅၀၀-၂၆၀၀ ဈေးရှိပြီး လက်လီဈေးကျပ် ၂၆၀၀-၃၀၀၀ ဈေးရှိပါသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်း လက်လီဝယ်ယူသူများ၊ လုပ်ငန်းရှင်များနှင့် အခြားမြို့နယ်များမှ ဝယ်ယူသူများဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ်တောင်ကြီးမှ ရှမ်းအာလူးများ နေ့စဉ်အိတ် ၁၅၀ မှ ၂၀၀အတွင်း အဝင်ရှိကြောင်း သိရပါသည်။
ပြည်ပွဲရုံများနှင့် ချင်းရောင်းဝယ်ရေးပွဲရုံများသို့ ချင်းဝင်ရောက်မှုမှာ ပုံမှန်ပြန်လည် ဝင်ရောက် မှုရှိနေသည်။ အရောင်းအဝယ်အနည်းငယ်အေးနေပြီး၊ ဒါးလှီးချင်းဖတ်သမားနှင့် လက်လီသမား တို့သာ အဝယ်ရှိနေကြောင်း သိရှိရပါသည်။ ချင်းဈေးမှာ ယခင်အပတ်ဈေးထက် ၂၀၀ကျပ်ဈေးမြင့် လျက်ရှိပါသည်။ ယခုအပတ်(ပွဲရုံ) ချင်းတက် တစ်ပိဿာဈေးနှုန်းများမှာ ပွဲရုံဈေး ၁၅၀၀-၁၇၀၀ ကျပ်အိတ်စွဲဈေးဖြစ်ပြီး လက်လီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၂၃၀၀ကျပ်ဈေးဖြင့် ရောင်းချလျှက် ရှိကြောင်း သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၂ ခုနှစ် မိုးသီးနှံ ဖြစ်သောမြေပဲ စိုက်ဧက ၂၃၉၁ ဧက စိုက်ပျိုးထားလျက်ရှိရာ လက်ပံတန်းမြို့နယ်အနေဖြင့် မြေပဲစိုက် ဧက ၃၆၄ ဧက စိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးစာရင်းအရ သိရှိရပါသည်။ မိုးမြေပဲ စိုက်ပျိုး ထားရှိသော နေရာများမှာ ပဲခူးရိုးမ တောင်ခြေအနီးတွင်ရှိသော တောင်ယာမြေများ၊ ချောက်ကမ်းပါး များနှင့် နီးသောကျေးရွာများရှိ သောင်ခုံများတွင် မိုးမြေပဲများကို အဓိကထားစိုက်ပျိုးကြကြောင်း သိရှိရပါသည်။
နေပြည်တော် အောက်တိုဘာလ ၂