ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘိုခရိုင်များအနေဖြင့် ယခင်လနှင့် ယခုလနှိုင်းယှဉ်ပါက ရွှေဘိုခရိုင်တွင် ပေါ်ဆန်းနှင့် ဧရာမင်း စပါးဈေး အနည်းငယ်တက်နေပြီး၊ ကသာခရိုင်တွင် ဆင်းဧကရီ-၃ စပါးဆန်း အနည်းငယ်တက်နေပြီး၊ မှော်ဘီ-၂နှင့် ဧရာမင်းစပါးဈေး အနည်းငယ်ကျနေပြီး၊ မုံရွာခရိုင်တွင် ဧရာမင်းစပါးဈေး အနည်းငယ်ကျနေပါကြောင်း နှင့် ကလေးခရိုင်တွင် ဈေးအေးနေပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ရွှေဘိုခရိုင်၊ ကန့်ဘလူခရိုင်နှင့် မုံရွာ ခရိုင်တို့တွင် ဆန်/စပါးဈေးအနည်းငယ်တက်နေပြီး၊ ကျန်ခရိုင်များဖြစ်သော ကလေးခရိုင်နှင့်ကသာခရိုင် တို့တွင် နိုဝင်ဘာလ(ပထမ)ပတ်၌ ဈေးအေးနေခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/20_1.jpg?itok=i8KXJBqd)
ကယားပြည်နယ်သည် လယ်ယာထွက်ကုန်သီးနှံဖြစ်သည့် ပြောင်း၊ နှမ်း တို့ကို အဓိကစိုက်ပျိုးကြပြီး ယခုလအတွင်း ဖြစ်ပေါ်နေသော အစေ့ထုတ်ပြောင်း ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၈၀၀ ကျပ်မှ ၉၂၀ ကျပ်)အကြား အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ယခင်လ အစေ့ထုတ်ပြောင်းတစ်ပိဿာလျှင်(၇၀၀ ကျပ်မှ ၈၀၀ ကျပ်) အတွင်းသာရှိပြီး ယခင်လနှင့် ယခုလ နှိုင်းယှဉ်ကြည့်လျှင် တစ်ပိဿာလျှင် (၁၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ ယခင်လ ကယား ပြည်နယ်မှ အခြားဒေသများသို့ အစေ့ထုတ်ပြောင်းတင်ပို့မှုမှာ (၇၆၁) တန်ခန့် တင
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/13_3.jpg?itok=BAexZ3m8)
၂၀၂၂ခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည်လျှင် ၃၆၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည်လျှင် ၂၈၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာလျှင် ၃၈၀၀ကျပ်၊ (လတ်)တစ်ပိဿာလျှင် ၃၅၀၀ကျပ်၊ (သေး)တစ်ပိဿာလျှင် ၃၂၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာလျှင် ၄၅၀၀က
မုံရွာမြို့၌ ရှမ်းပြည်နယ်ထွက် ထောပတ်သီးများ ဝင်ရောက်မှု များပြားနေကြောင်း သိရှိရ ပါတယ်။ ရှမ်းပြည်နယ်မှ တင်ပို့လာသည့် ထောပတ်သီးများကို ရောင်းချကြပါတယ်။ ဈေးကွက်တွင် ထောပတ်သီး အရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် အနိမ့်ဆုံးဈေး (၃၀၀)ကျပ်မှ အမြင့်ဆုံးဈေး (၅၀၀)ကျပ် ဝန်းကျင် ရောင်းချရကြောင်း ၊တစ်နေ့လျှင် ထောပတ်သီး (၁၀၀)လုံးပါ ခြင်းတောင်း (၁၅)ခြင်းမှ (၂၀)ခြင်း အထိ မုံရွာမြို့သို့ ဝင်ရောက်လျှက်ရှိကြောင်း ထောပတ်သီး ရောင်းချသည့် ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။
DOCA(စစ်ကိုင်း)