Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
05 Oct 2022

       စစ်ကိုင်းတိုင်းဒေသကြီးသည် စက်တင်ဘာလ(တတိယ)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပို ဒေသများဖြစ်သော ကန့်ဘလူခရိုင်နှင့် မုံရွာခရိုင်တွင် စပါး/ဆန်ဈေး အနည်းငယ်တက်နေပြီး၊ ကျန်ခရိုင် များတွင် ဈေးအေးနေပါသည်။

05 Oct 2022

          ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေကြီး၌ လူသားတို့အသက်ရှင်နေထိုင်နိုင်ရန်အတွက် သဘာဝ တရား၏လက်ဆောင် သက်ရှိအုပ်စုတွင်ပါဝင်သော အပင်များသည် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း လူသားတို့အတွက် အကျိုးပြုလျက်ရှိပြီး လူသားတို့၏ဇီဝကမ္မ ဖြစ်စဉ်များအတွက် မရှိမဖြစ်လိုအပ်သော အောက်ဆီဂျင်ကိုလည်း ထုတ်ပေးလျက်ရှိပေသည်။ လူသားတို့ကမ္ဘာ စိမ်းလန်းသာယာလှပဖို့အတွက် သစ်ပင်ပန်းနွယ်များသည် လူတို့၏ အစားအသောက် အဖြစ်လည်းကောင်း၊ ကျန်းမာရေးအတွက် ဆေးဖက်ဝင် အပင်များအဖြစ်လည်းကောင်း၊ အလှကုန်

05 Oct 2022

          စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ချောင်းဦးမြို့နယ် တာဝန်ခံတို့သည် (၂၂..၂၀၂၂) ရက်နေ့  ရက် နံနက် ၁၁ နာရီတွင် မုံရွာမြို့၊ ထန်းတောရပ်ကွက်နေ ပြည်သူများသို့ “ရွှေပြည်မိုး” ဆီရောင်းဝယ်ရေးမှ စားအုန်းဆီ တစ်ပိဿာလျှင် (၅၅၀၀)ကျပ်နှုန်း ဖြင့် ရောင်းချပေးမှုကို ကွင်းဆင်းစိစစ်ကြပ်မတ်ခဲ့ပါသည်။

05 Oct 2022

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဆောင်းနေကြာများ စတင်စိုက်ပျိုးနေပြီဖြစ်ပါသည်။ ယခုလက်ရှိအချိန်တွင် ပန်းတောင်းမြို့နယ် မကျီးထုံးကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာရှိ ကွင်းအမှတ် (၁၂၇)တွင် ဆောင်းနေကြာ (၃)ဧက စိုက်ပျိုးထားရှိသလို ကွေ့မ၊ ဆင်လူး၊ ဆိတ်တဲကျေးရွာတို့တွင် ဧက(၂၀)ကျော်စိုက်ပျိုးပြီးဖြစ်၍ ယခုနှစ်တွင် မကျီးထုံး ကျေးရွာ အုပ်စုအနေဖြင့် (၈၅)ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဆောင်းနေကြာ တစ်ဧက စိုက်ပျိုးလျှင် နေကြာမျိုးစေ့(၄)ပြည် စိုက်ပျိုးက

05 Oct 2022

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စာဖိုချောင်သုံးသီးနှံဖြစ်သော ကြက်သွန်ဖြူကို ဒေသတွင်းလက်လီ/လက်ကားသမားများဖြင့်သာ အရောင်းအဝယ် ပုံမှန်ဖြစ် လျှက်ရှိပါသည်။ ကြက်သွန်ဖြူကို ပြည်မြို့ရှိ ပွဲရုံများမှတစ်ဆင့် ဝယ်ယူ၍ ပေါင်းတည်မြို့နယ် အတွင်းရှိ ဈေးများ ကုန်စုံဆိုင်များနှင့် ကျေးရွာများသို့ လက်လီ/လက်ကားရောင်းချကြောင်း သိရပါသည်။ ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ရှမ်းမွှာ တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ရှမ်းစ(အလတ်)တစ

Pages