ကုန်သွယ်မှုသတင်းများ
ကလေးမြို့ပေါ်တွင် အောက်တိုဘာလအတွင်း၌ ဈေးနှုန်းများမှာ ဧည့်မထစပါး ( ၁ ) တင်းလျှင် ( ၁၀၅၀၀ ) ကျပ်၊ ငစိန်စပါး ( ၁ ) တင်းလျှင် ( ၉၅၀၀ ) ကျပ်၊ ဧရာမင်းစပါး ( ၁ ) တင်းလျှင် ( ၁၃၅၀၀ ) ကျပ်၊ ဧည့်မထဆန် ( ၂၄ ) ပြည် ( ၁ ) အိတ်လျှင် ( ၄၄၀၀၀ ) ကျပ်၊ ငစိန်ဆန် ( ၂၄ ) ပြည် ( ၁ ) အိတ်လျှင် ( ၄၀၀၀၀ ) ကျပ်၊ ဧရာမင်းဆန် ( ၂၄ ) ပြည် ( ၁ ) အိတ်လျှင် ( ၅၅၀၀၀ ) ကျပ်၊ ပဲဆီ ( ၁ ) ပိဿာလျှင် ( ၁၂၀၀၀ ) ကျပ်၊ နှမ်းဆီ ( ၁ ) ပိဿာလျှင် ( ၁၀၀၀၀ ) ကျပ်၊ နေကြာဆီ ( ၁ ) ပိဿာလျှင် ( ၁၁၀၀၀ ) ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ( ၈၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်မှာ အထက်ချင်းတွင်းမှာတည်ရှိပြီး ဆက်သွယ်ရေးလမ်းကြောင်းမှာ ချင်းတွင်းတစ်လျောက် မုံရွာ-မင်းကင်း-ကလေးဝ-ဟုမ္မလင်း - ခန္တီး ထိ ရေလမ်းခရီးသာ အသုံးပြုခဲ့ရပါတယ်။ ကုန်လမ်းအနေဖြင့် ပွင့်လင်းရာသီဖြစ်သော အချိန်မှသာ ပေါက်ရောက်ပြီး မုံရွာ - ဘုတလင် - ရေဦး မှတဆင့် တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာမှ မဟာမြိုင်လမ်းမှသာ သွားလာခဲ့ရပါတယ်။ ယခုအခါတွင် လေကြောင်းလိုင်းများဖြင့် ဟုမ္မလင်းမြို့မှ မုံရွာမြို့နှင့် မန္တလေးမြို့များသို့ တိုက်ရိုက်ပျံသန်းကာ ခရီးသွ
ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ အောက်တိုဘာလ နောက်ဆုံးပတ်တွင် စပါး /ဆန် ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ အောက်တိုဘာလ တတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၄၅၀၀ ၊ မန္တလေးသို့ အိတ်ရေ၄၆၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၁၃၀၀၀၊ တန်အားဖြင့် ၅၆၅၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသ ကြီးများသို့ ဆန်စီးထွ
အောက်တိုဘာလ စတုတ္ထပတ်အတွင်း မကွေးမြို့၊ မြို့မစျေးတွင် ရောင်းချနေသော ကြက်သွန်နီ လက်လီစျေးမှာ (ကြီး)(၁)ပိဿာလျှင် ကျပ်(၄၂၀၀)၊ (လတ်)(၁)ပိဿာလျှင် ကျပ်(၃၈၀၀)၊ (သေး) (၁)ပိဿာလျှင် ကျပ်(၃၆၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ကြက်သွန်ဖြူလက်လီစျေးမှာ (ဗမာ) (၁)ပိဿာလျှင် ကျပ်(၄၀၀၀မှ၅၀၀၀)နှင့် (ရှမ်း)ကြက်သွန်ဖြူ (ကြူကုတ်) (၁)ပိဿာလျှင် ကျပ်(၄၈၀၀) ဖြင့် ရောင်းချကြကြောင်း သိရပါသည်။
မကွေးမြို့၊ မြို့မစျေး၌ ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအပေါ်မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။