Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
28 Sep 2022

          ကွမ်းသီးနှင့် သီဟိုစေ့များသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်း စျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိ ကြောင်းသိရှိရပြီး ယခု စက်တင်ဘာ ၂၂ ရက်တွင် ဖြစ်ပေါ်လျက်ရှိသော ကွမ်းသီးစျေးမှာ ကွမ်းသီး အလုံး(အခွံမပါ) တစ်ပိဿာလျှင် (

28 Sep 2022

          တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊  ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ မှိုင်းခံရော်ဘာကို  အဆင့်သတ်မှတ်ချက် ( ၅ ) မျိုးဖြင့် သတ်မှတ်ထား ရှိပြီး ယခုလက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း RSS-3 နှင့် RSS-5 ( ၂ )မျိုးသာ အဓိက အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ ရော်ဘာဈေးနှုန်းမှာ စက်တင်ဘာ တတိယအပတ်တွင် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိပြီး ယခုအပတ် (၁၉. ၉. ၂၀၂၂) မှ (၂၃.

27 Sep 2022

   မော်လမြိုင်မြို့၌ ယခုလ စတုတ္ထအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ပုံမှန်ဖြစ်နေသောဈေးမှာ ယခုအပတ်တွင် ကြံ့နှစ်ကောင် (အနီ) ကျပ် ၉၆၀၀၊ ဆင် (ထိုင်း) ကျပ် ၁၄၅၀၀၊ ကြံ့တံဆိပ် (အပြာ) ကျပ် ၉၃၀၀ ဖြင့်အရောင်းအဝယ်ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးမှာ ဈေးနှုန်း အနည်းငယ်တက်လာပြီး အရောင်းအဝယ်ပုံမှန်ရှိနေကြောင်း သိရှိရသည်။

27 Sep 2022

     ကသာမြို့တွင်း စက်တင်ဘာလ(၂၁)ရက်နေ့တွင် ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းမှာ လက်ကား တစ်ပိဿာလျှင် အကြီး၊ အလတ်၊ အသေးပေါ်မူတည်၍ ကျပ် ၄၂၀၀ မှ ကျပ် ၃၀၀၀ ခန့်၊ လက်လီ တစ်ပိဿာလျှင် ကြီး/ လတ်/သေး‌ (၄၅၀၀/၄၀၀၀/၃၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ ကြက်သွန်နီဈေးမှာ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျပ်(၅၂၀၀)ရှိသည့်အတွက် ဈေးနှုန်းနှိုင်းယှဉ်ကြည့်ပါက လက်ရှိတွင်ဈေးနှုန်းအနည်းငယ်ကျဆင်းသော်လည်း အချိန်နှင့်တပြေးညီ ဈေးနှုန်းပြောင်းလဲနိုင်ကြောင်း ကြက်သွန်နီရောင်းချသူများထံမှ သိရှိရသည်။

27 Sep 2022

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူးဒေါ်မွန်မွန်သက်သည် (1၅.9.2022)ရက်နေ့တွင် ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်ကျေးရွာ၌ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိုးစပါးစိုက်တောင်သူ ဦးယုလွင်၏ စပါးစိုက်ပျိုးထွက်ရှိမှု ကုန်ကျစရိတ်နှင့်အကျိုးအမြတ် ရရှိမှု အခြေအနေကို ကွင်းဆင်း လေ့လာခဲ့ရာ ကျွန်းပင်စင်ကျေးရွာသည် အိမ်ခြေ(၁၅၀)ခန့်ရှိပြီး လူဦးရေမှာ(650) ကျော်ခန့်ရှိကြောင်း၊ နှစ်စဉ် ကိုင်းမြေ

Pages