Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
03 Oct 2022

          ရမည်းသင်းခရိုင်တွင် ငရုတ်ကို ငရုတ်ခြောက်အတွက် မိုးစိုက်အနေနှင့် နှစ်စဉ်စိုက်ပျိုးကာ စိုက် ဧက (၆) သောင်းရှိပါသည်။ ငရုတ်ကို ခရိုင်အတွင်း ရမည်းသင်းမြို့နယ်တွင် ပိုမိုစိုက်ပျိုးပါသည်။ နှစ်စဉ် ငရုတ်ကို ငရုတ်ခြောက်စျေးကွက်အတွက်သာ စိုက်ပျိုးခဲ့သော်လည်း ယခုနှစ်ငရုတ်စိုမှာ ပင်စျေးကောင်း ရရှိသဖြင့် ခူးဆွတ်ရောင်းချကြောင်း သိရပါသည်။

30 Sep 2022

     ကယားပြည်နယ်တွင်(ရွှေရင်အေး(၁)စပါး၊ ရွှေရင်အေး(၂)စပါး၊ တရုတ်မွေးစပါးနှင့် ဖိုက်အိုတူး စပါး) စသည့်စပါးအမျိုးအစားတို့ကို အဓိကစိုက်ပျိုးကြပြီးစပါးဈေးနှုန်းများအနေဖြင့် ရွှေရင်အေး(၁)တစ်ပိဿာကို(၁၂၀၀-၁၄၀၀)ကျပ်ကြား၊ ရွှေရင်အေး(၁)တစ်ပိဿာကို(၁၁၀၀ ကျပ်မှ ၁၂၀၀ ကျပ်)ကြား၊ တရုတ်မွှေးတစ်ပိဿာကို(၁၀၀၀ ကျပ်မှ ၁၁၀၀ ကျပ်)ကြားနှင့် ဖိုက်အိုတူးစပါးတစ်ပိဿာကို(၁၄၀၀ ကျပ်မှ ၁၅၀၀ ကျပ်)ကြားရှိပြီး ပြည်နယ်တွင်းစိုက်ပျိုးသော စပါးများကို ဒေသတွင်းကြိတ်ခွဲကာ စားသုံးမှုမှာအနည်းငယ် သာရှိပြီး အများအားဖြင

30 Sep 2022

      ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ စက်တင်ဘာလ (တတိယ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံအပြား မှ နေ့စဉ်ဝင်ရောက်ပြီး တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ(၂)သောင်းခန့်၊ (၁)ပတ် အတွင်း စုစုပေါင်းပိဿာ(၁)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျှက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန် ကုန်သည် သိုလှောင်ရုံများတွင် ကြက်သွန်နီပိဿာပျမ်းမျှ (၁)ပတ်အတွင်း ကုန်ချိန်(၂)သိန်းခွဲခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ စက်တင်

30 Sep 2022

         မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကအခြေခံထား၍ လုပ်ကိုင်ပြီး စိုက်ပျိုးရေး ထွန်းကားရာ နိုင်ငံဖြစ်ပြီး နှစ်စဉ် စပါး၊ ကြက်သွန်၊ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ၊ ဝါ နှင့် ပဲမျိုးစုံ စိုက်ပျိုး ထုတ်လုပ်ကြပြီး သီးနှံမျိုးစုံအနက်မှ ဆီထွက်သီးနှံမြေပဲကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့သည် အဓိက အများဆုံး စိုက်ပျိုးထုတ်လုပ်ပြီး အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း နှစ်စဉ်စိုက်ပျိုးလျက်ပါရှိသည်။ မြေပဲသီးနှံသည် ရေ၊ မြေ၊ ရာသီဥတု ကွဲ

30 Sep 2022

    အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၁၅.၉.၂၀၂၂)နှင့် ယခု အပတ် (၂၁.၉.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူ (၄၅)ပိဿာတစ်အိတ်လျှင် ယခင်အပတ် (၂၈၀၀၀ဝိ/-)ယခုအပတ်(၂၉၀၀၀ဝိ/-)ဖြစ်၍ (၁၀၀၀ဝိ/-)ဈေးမြင့်၊ နှမ်းနီ ယခင်အပတ် (၂၅၀၀၀ဝိ/-)ယခုအပတ် (၂၆၀၀၀ဝိ/-)ဖြစ်၍ (၁၀၀၀ဝိ/-)ဈေးမြင့်၊နှမ်းနက်(စမုံ) ယခင်အပတ် (၂၉၀၀၀ဝိ/-)ယခုအပတ် (၃၁၅၀၀ဝိ/-)ဖြစ်၍ (၂၅၀၀ဝိ/-)၊ နှမ်းပြာ ယခင်အပတ်(၂၅၀၀၀ဝိ/-)ယခုအပတ်(၂၆၀၀၀ဝိ/-) ဖြစ်၍ (၁၀၀၀ဝိ/-)အသီးသီးဈေးမြင့်ခဲ့ကြောင်း သိရှိရပါသည်။

Pages