ပြည်ပကုန်သွယ်မှုသတင်းများ
သမ္မတ ဒေါ်နယ်ထရမ့်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း ပဲတီစိမ်း/ပဲပုတ်အပြင် အခြားသော အမေရိကန်စိုက်ပျိုးရေးထွက်ကုန်များကိုပါ ဒေါ်လာဘီလီယံပေါင်းများစွာ ထပ်မံတင်ပို့နိုင်မည့် အခွင့်အလမ်းများ ပွင့်လန်းလာလိမ့်မည်ဟု မျှော်လင့်ရကြောင်း သိရသည်။

ရာသီဥတုအခြေအနေများနှင့် ပထဝီနိုင်ငံရေး ပဋိပက္ခများသည် ကုန်သွယ်မှု ပမာဏအပေါ် သိသာထင်ရှားစွာ သက်ရောက်မှုရှိနိုင်သဖြင့် ယခုနှစ် ဒုတိယနှစ်ဝက်အတွက် ထိုင်းနိုင်ငံ၏ ဆန် တင်ပို့မှု အလားအလာမှာ မရေမရာမှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ထိုင်းဆန်ပို့ကုန် လုပ်ငန်း ရှင်များအသင်း၏ အဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ မိုဟန်နယ်စပ်ဂိတ်သည် ထိုင်းဒူးရင်းသီးတင်ပို့ရာတွင် အဓိကဝင်ပေါက် တစ်ခု ဖြစ်လာသည်။ အဆိုပါဂိတ်မှတစ်ဆင့် ၂၀၂၆ ခုနှစ် ပထမလေးလပတ်တွင် လတ်ဆတ်သော ဒူးရင်းသီး တင်သွင်းမှုသည် တန်ချိန် (၁၂၁,၀၀၀) ထိ မြင့်တက်လာခဲ့ပြီး ယင်းသို့ မြင့်တက်လာရ ခြင်းမှာ ရထားလမ်းပန်း ထောက်ပံ့ပို့ဆောင်ရေး ပိုမိုကောင်းမွန်လာခြင်းနှင့် အရှေ့တောင်အာရှ သစ်သီးအပေါ် တရုတ် ဝယ်လိုအား မြင့်တက်လာခြင်းတို့ကြောင့်ဖြစ်ပါသည်။

အိန္ဒိယသည် ဗီယက်နမ်မှတင်သွင်းသည့် လတ်ဆတ်သောဒူးရင်းသီးများအတွက် အထူးတင်သွင်းမှုစည်းကမ်းချက်များနှင့် ထပ်ဆောင်းအပင်ကျန်းမာရေးဆိုင်ရာ ကြေညာချက်များကို ဖယ်ရှားပေးရန် စီစဉ်နေကြောင်း သိရပါသည်။ ထိုအပြောင်းအလဲကြောင့် အာရှ၏အကြီးဆုံး စားသုံးသူဈေးကွက်တစ်ခုသို့ ဗီယက်နမ်ဒူးရင်းတင်ပို့မှု ပိုမိုလွယ်ကူလာမည်ဟု မျှော်မှန်းရကြောင်း သိရပါသည်။ အဆိုပါအချက်ကို

ဗဟိုအစိုးရသည် လာမည့် ၂၀၂၆ မိုးသီးနှံရာသီအတွက် ဓာတ်မြေဩဇာ လုံလောက်မှုရှိစေ ရေးအတွက် ကြိုးပမ်းမှုများ အရှိန်မြှင့်ဆောင်ရွက်ပြီး ပြည်တွင်း ယူရီယားထုတ်လုပ်မှုကို ၂၃ ရာခိုင် နှုန်းအထိ တိုးမြှင့်ကာ အနောက်အာရှဒေသရှိ ဖြစ်ရပ်များကြောင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး တွင် မသေချာမရေရာမှုများကြားမှ သွင်းကုန်ကိုလည်း အားကောင်းစေခဲ့ကြောင်း သိရသည်။

ဗီယက်နမ်နှင့် စင်ကာပူတို့အကြား ၂၀၂၆ ခုနှစ် ပထမလေးလအတွင်း ကုန်သွယ်ရေးဆက်ဆံမှု ပိုမိုတိုးတက်လာခဲ့ပြီး စင်ကာပူသို့ တင်ပို့သည့် ဗီယက်နမ်ပြည်တွင်းမူရင်းကုန်ပစ္စည်းများမှ ကုန်သွယ်ရေးပိုငွေမှာ စင်ကာပူဒေါ်လာ ၅.၄ ဘီလီယံနီးပါး (အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံခန့်) ရှိခဲ့ကြောင်း သိရပါသည်။

၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ဟိုချီမင်းမြို့၌ စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက သက်ဆိုင်ရာအေဂျင်စီများနှင့် ပူးပေါင်း၍ ဗီယက်နမ်မှ တရုတ်နိုင်ငံသို့ တင်ပို့သည့် လတ်ဆတ်သော ဂရိတ်ဖရုသီးနှင့် သံပရိုသီးများအတွက် အပင်ပိုးမွှားကာကွ

အိုင်ယာလန်နိုင်ငံ စိုက်ပျိုးမွေးမြူရေးဦးစီးဌာနလက်အောက်ရှိ အစိုးရအေဂျင်စီဖြစ်သည့် Bord Bia သည် ဗီယက်နမ်နိုင်ငံတွင် ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ယခုမေလအတွင်း ကုန်သွယ်မှုမြှင့်တင်ရေးလှုပ်ရှားမှု အစီအစဉ်တစ်ရပ်ကို စတင

ကမ္ဘာလုံးဆိုင်ရာ စားသုံးသူများ၏ ယုံကြည်မှုကိုရရှိစေရန်နှင့် ကမ္ဘာ့ထိပ်တန်း ဒူးရင်းသီးတင်ပို့သည့် နိုင်ငံအဖြစ်ရပ်တည်မှုကို ခိုင်မာစေရန်အတွက် ထိုင်းနိုင်ငံ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနသည် ပြည်တွင်းဒူးရင်းသီး အရည်အသွေးစံနှုန်းများ မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့်ဆောင်ရွက်နေကြောင်း ဒုတိယအစိုးရပြောရေးဆိုခွင့်ရှိသူ Patdaras

စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ စျေးနှုန်းပိုမိုမြင့်မားသော ဒူးရင်းသီးအေးခဲအနှစ် တင်ပို့မှု လျင်မြန်စွာတိုးတက်လာခြင်းသည် ဗီယက်နမ်ဒူးရင်းသီးပို့ကုန်ကဏ္ဍ အားကောင်းစွာ ပြန်လည်ဦးမော့လာစေသည့် အဓိကတွန်းအားဖြစ်ကြောင်း သိရပါသည်။

အာဆီယံ-ကိုရီးယားစင်တာနှင့် ကိုရီးယားသွင်းကုန်လုပ်ငန်းရှင်များအသင်းတို့သည် တောင်ကိုရီးယားနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ရည်ရွယ်၍ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံများသို့ ကုန်သွယ်

Nghi Son Refinery and Petrochemical Plant သည် ပြည်တွင်းဈေးကွက်ရှိ လောင်စာလိုအပ်ချက် ဖြည့်ဆည်းနိုင်ရန်အတွက် ကွန်ဂိုနိုင်ငံမှ တင်သွင်းလာသော Djeno ရေနံစိမ်းစည်ပေါင်း ၉၅၀,၀၀၀ ကျော်ကို လက်ခံရရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါရေနံစိမ်း တင်သွင်းမှုကို Nghi Son Petroleum Products Distribution Branch (PVNDB) က စီစဉ်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် Vietnam National Industry - Energy Group ၏ လက်အော

