Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
10 Dec 2024

      Geely Automobile Holding မှ ပိုင်ဆိုင်သည့် တရုတ်မော်တော်ကား ကုမ္ပဏီ Lynk & Co သည် ၎င်း၏ ပထမဆုံး လျှပ်စစ်မော်တော်ကားအား အစ္စရေးတွင် ၂.၁၂.၂၀၂၄ ရက်နေ့၊ တနင်္လာနေ့ က စတင်မိတ်ဆက်ခဲ့သည်။ ထို EV မော်ဒယ်သည် အကွာအဝေး ၄၆၅ ကီလိုမီတာ မောင်းနှင်နိုင်ပြီး အမြန်နှုန်းအား တစ်နာရီလျှင် ၁၈၀ ကီလိုမီတာအထိ မြှင့်တင်မောင်းနှင်နိုင်မည် ဖြစ်သည်။ ၎င်း EV ကားအား ၆၆ Kwh ဘတ်ထရီတပ်ဆင် အသုံးပြုမည်ဖြစ်ကြောင်းသိရသည်။ Lynk & Co သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် အစ္စရေးကားဈေးကွက်သို့ Plug-in hybrid Lynk & Co 01, Compact Crossover SUV ဖြင့် ဝင်ရောက်ခဲ့သည်။ ထိုမော်ဒယ်နှစ်မျိုးလုံးအား Lynk &amp

10 Dec 2024

               ဘေဂျင်းတွင် အင်ဆူလင်ထုတ်လုပ်မှု အခြေစိုက်စခန်းသစ်တစ်ခုတည်ထောင်ရန်အတွက် ပြင်သစ်ဆေးကုမ္ပဏီကြီး Sanofi မှ ယူရို ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၀၅ ဘီလီယံ နီးပါး) အား ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း Beijing Economic Technological Development Area (BDA) ၏ အဆိုအရ သိရသည်။ Sanofi ကုမ္ပဏီသည် ၂.၁၂.၂၀၂၄ ရက်နေ့တွင် မြို့တော်တောင်ပိုင်း Yizhuang ဧရိယာတွင် စက်ရုံတည်ဆောက်ရန်အတွက် ဘေဂျင်းမြူနီစီပယ်၊ စီးပွားရေးနှင့် သတင်းအချက်အလက်နည်းပညာဗျူရို၊ BDA အုပ်ချုပ်ရေးကော်မတီတို့နှင့် ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းသည် တရုတ်နိုင်ငံအတွင်းရှိ Sanofi ကုမ္

10 Dec 2024

            ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့သည် နယ်စပ်ငွေပေးချေမှုစနစ်ပေါင်းစည်းရေးစီမံကိန်းတွင် ပူးပေါင်ဆောင်ရွက်မှုကို အားကောင်းလာစေရန်အတွက် ၎င်းတို့၏ဘဏ်လုပ်ငန်းကဏ္ဍများတွင် ပိုမိုဖွံဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်သဘောတူခဲ့ကြသည်။ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကမ္ဘောဒီးယားအမျိုးသာဘဏ် (NCB) အုပ်ချုပ်ရေးမှူး  Chea Serey နှင့် ဗီယက်နမ် နိုင်ငံတော်ဘဏ် (SBV) အုပ်ချုပ်ရေးမှူး Nguyen Thi Hong တို့တွေ့ဆုံမှုတွင်နှစ်နိုင်ငံစီးပွားရေး၊ ငွေးကြေးအခြေအနေနှင့် ဘဏ်လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုနစ် ပေါင်းစည်းရေးပရောဂျက်တ

10 Dec 2024

           ခရီးသွားထုတ်ကုန်နှင့် သားရေထုတ်ကုန်ကဏ္ဍသည် ကမ္ဘောဒီးယားတော်ဝင်အစိုးရ၏ ဦးစားပေးစီးပွားရေးကဏ္ဍမှ ပါဝင်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul ကပြောကြားခဲ့သည်။ ကမ္ဘောဒီးယားခရီးသွားထုတ်ကုန်နှင့် သားရေထုတ်ကုန်များကို ဒေသတွင်းနှင့်ကမ္ဘာ့ဈေးကွက်များသို့ တင်ပို့ခြင်းနှင့်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်တွင်း၊ ပြည်ပကုန်စည်ပြပွဲများနှင့် စီးပွားရေးဖိုရမ်များတွင် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်များ၊ ဆွေးနွေးချက်ပွဲများတွင် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ အစိုးရသည် ကမ္ဘောဒီးယားနိုင်ငံရှိ အထည်ချုပ်၊ ဖိနပ်နှင့်အိတ်လုပ်ငန်းများကို ၂၀၂၂-၂၀၂၇ ခ

09 Dec 2024

     တရုတ်နိုင်ငံသည် ဗီယက်နမ်ဆန်ကို အများဆုံးတင်သွင်းသူဖြစ်ခဲ့ဖူးသော်လည်း ဆန်တင် သွင်းမှု ကျဆင်းလာခဲ့ရာ ယခုအခါ တရုတ်ဈေးကွက်သို့ ဆန်တင်ပို့မှုများ ပြန်လည်စတင်နိုင်မည်ဟု  အပြုသဘောဆောင် ရှုမြင်ထားကြောင်း ဗီယက်နမ် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနက ဖော်ပြ ခဲ့သည်။

09 Dec 2024

 

     မလေးရှားနိုင်ငံတွင် ရေကြီးမှုများကြောင့် စပါးစိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်မှုဖြစ်ပေါ် ခဲ့ပြီးနောက် ဆန်ပြတ်လပ်မှုမရှိစေရေးအတွက် ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်၍ ပြည်ပမှတင်သွင်း လာသော ဆန်ဖြူဈေးနှုန်းများကို လျှော့ချခြင်းဖြင့် ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း သိရသည်။

09 Dec 2024

     အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံ စိုက်ပျိုးမှုဧရိယာ တိုးချဲ့နိုင်ရန် ရည်ရွယ်လျက် ပထမဦးဆုံးအကြိမ် အစပြုလုပ်ဆောင်မှုအဖြစ် ပဲစင်းငုံနှင့် ပဲနီလေးတို့ကို ကန်ထရိုက်လယ်ယာစနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်လျက် အစိုးရ၏ အနိမ့်ဆုံးအထောက်အပံ့ပြု အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် တောင်သူ များထံမှ ဝယ်ယူခြင်းကို တမီနာဒူ၊ ဘီဟာ၊ ဂျားခန်နှင့် ဂူဂျရတ် ပြည်နယ်များ၌ ဆောင်ရွက်သွားရန် အစိုးရက စီစဉ်လျက်ရှိကြောင်း သိရသည်။

09 Dec 2024

     ယခုနှစ် နိုဝင်ဘာလ နောက်ဆုံးရက်သတ္တပတ်အတွင်း ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခရိုင် ၅ ခု၌ ရေကြီးမှုများ ပြင်းထန်စွာဖြစ်ပေါ်ခဲ့ခြင်းက ရော်ဘာထုတ်လုပ်မှုတွင် ဘတ်ငွေ တန်ဖိုး ၂၀ ဘီလီယံ အထိ ထိခိုက်မှုဖြစ်စေခဲ့သည်ဟု ထိုင်းရော်ဘာအာဏာပိုင်အဖွဲ့ (Rubber Authority of Thailand) ကပြောကြားခဲ့ကြောင်း The Nation Thailand သတင်းဌာနက ဖော်ပြပါသည်။

09 Dec 2024

     အင်ဒိုနီးရှားနိုင်ငံ၌ စားအုန်းဆီ ၄၀ ရာခိုင်နှုန်း ရောနှောအသုံးပြုသည့် ဇီဝဒီဇယ်အသုံးပြုမှု (B40) ကို အစိုးရ၏ ဇီဝဒီဇဘ်ဆီ အစီအစဉ်ဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ လ ၁ ရက်နေ့မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု စီးပွားရေးရာ ညှိနှိုင်း ရေးဝန်ကြီး Mr. Airlangga Hartarto ၏ ပြောကြားချက်ကို အင်ဒိုနီးရှား Tempo.co မဂ္ဂဇင်းဌာနက နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဖော်ပြထားသည်။

09 Dec 2024

     မလေးရှားနိုင်ငံအနေဖြင့် ပါကစ္စတန်ဆန်များ တင်သွင်းမှုအပေါ် ကောက်ခံသည့် အခွန်နှုန်းများကို အခြားပင်ရင်း‌ဒေသများမှ တင်သွင်းသည့်ဆန်များအပေါ် စည်းကြပ်သော အခွန်နှုန်းများနှင့် အညီ ပြန်လည်ပြင်ဆင်ရန် သဘောတူညီခဲ့သည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ရုံး၏ နိုဝင်ဘာ ၃၀ ရက် နေ့၌ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားပါသည်။

09 Dec 2024

     ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် ဆန်စပါးထုတ်လုပ်မှုကျဆင်းခြင်းနှင့် ရင်ဆိုင်ရဖွယ်ရှိရာ လာမည့်လများတွင် စားသုံးသူများ ဈေးနှုန်းသက်သာစွာဖြင့် ဆန်ဝယ်ယူနိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်ရန် သီရိလင်္ကာသမ္မတ Anura Kumara Dissanayake က အသေးစားနှင့် အလတ်စား ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရာ၌ ပြောကြားခဲ့ကြောင်း သမ္မတအိမ်တော် သတင်း ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရှိရပါသည်။

09 Dec 2024

      ထိုင်းနိုင်ငံ၏ ယခုနှစ် ပို့ကုန်တင်ပို့မှုသည် ယခင်ခန့်မှန်းထားသည့် ၂% တိုးတက်မှုထက် မြင့်မားလျက် ၄% အထိ တိုးတက်မှုရရှိနိုင်ပြီး ၂၀၂၅ ခုနှစ်တွင်လည်း ၁% မှ ၃% အထိ တိုးတက် လာနိုင်ကြောင်း ထိုင်းပို့ကုန်လုပ်ငန်းရှင်များကောင်စီက ၃-၁၂-၂၀၂၄ ရက်နေ့တွင် သတင်းထုတ် ပြန်ခဲ့သည်။

      စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သည့် ပို့ကုန်တင်ပို့မှုများသည် ယခုနှစ်အစောပိုင်းက ထက် အောက်တိုဘာလတွင် ၁၄.၆% မြင့်တက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမ ၁၀ လ၏ နှစ်ချုပ်အနေဖြင့် ၄.၉% တိုးလာကြောင်း သိရှိရသည်။

Pages