Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
04 Apr 2023

    အိန္ဒိယနိုင်ငံ၌ ဂျုံအဓိကစိုက်ပျိုးသည့် ပန်ဂျပ်၊ ဟာရီယာနာနှင့် ရာဂျပ်စတန် ပြည်နယ်များ တွင် မတ်လ နောက်ဆုံးရက်သတ္တပတ်အတွင်း အချိန်အခါမဲ့ မိုးရွာသွန်းမှုနှင့် မိုးသီးများကျရောက်မှု ကြောင့် ဂျုံစိုက်ပျိုးထားရှိမှု၏ ၂၅% မှ ၅၀% ခန့်အထိ ထိခိုက်ဖွယ်ရှိကြောင်း သိရှိရပါသည်။

04 Apr 2023

        အိန္ဒိယနိုင်ငံတွင် ပဲစင်းငုံနှင့် မတ်ပဲတို့၏ ဈေးနှုန်းများသည် တစ်လတာအတွင်း ၈% မှ ၁၀% အထိ မြင့်တက်ခဲ့ပြီး ကုလားပဲဈေးနှုန်းသည်လည်း ၄% မှ ၅% ခန့် မြင့်တက်ခဲ့ရာ ဗဟိုအစိုးရ အနေဖြင့် ဈေးကွက်အခြေအနေ စောင့်ကြည့်ကြပ်မတ်ရေးကော်မတီတစ်ရပ်အား ဖွဲ့စည်း၍ ဈေးကွက်အတွင်း ပဲစင်းငုံ ဝယ်ယူရရှိနိုင်မှုမြှင့်တင်ရေး အစီအမံများကို စတင် လုပ်ဆောင်လျက်ရှိ ကြောင်း သိရှိရသည်။

28 Mar 2023

     မကြာသေးမီက ထွက်ရှိလာသည့် သတင်းများအရ တရုတ်နိုင်ငံရှိ စက်ရုံ (၃) ခုက ထိုင်း စံပယ်ဆန်ကို အတုအပပြုလုပ်ခဲ့ကြောင်းနှင့် အခြားသောဆန်များကို အရသာမြှင့်တင်သည့် အနံ့၊ ပစ္စည်းများဖြင့် ပြုပြင်ရောင်းချနေသောကြောင့် ကုန်စည်ထုပ်ပိုးမှုများပေါ်တွင် အသိအမှတ်ပြု တံဆိပ်များအား စစ်ဆေးလျက် ဝယ်ယူသုံးစွဲရန် ထိုင်းနိုင်ငံခြားကုန်သွယ်မှုဌာန (DFT) က စားသုံးသူများအား အကြံပြု ပြောကြားထားပါသည်။

28 Mar 2023

     ထိုင်းအာဏာပိုင်များသည် တရုတ်နိုင်ငံ Anhui ပြည်နယ်ရှိ စက်ရုံသုံးခုအပေါ် စံပယ်ဆန်အတုများ ရောင်းချခဲ့မှုအတွက် စွဲချက်တင်ရန် ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံမှ ဝယ်ယူသူများ ထိုင်းစံပယ်ဆန်စစ်စစ်၏ အရည်အသွေးကို သိရှိနားလည်စေရန်အတွက် စွဲချက်တင်ထားခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ပရာယွန်း အင်ဆာကူ က ပြောကြားခဲ့ပါသည်။      

28 Mar 2023

    ကမ္ဘာ့စားအုန်းဆီ ဒုတိယအများဆုံးထုတ်လုပ်သည့် မလေးရှားနိုင်ငံအတွင်း ရေလွှမ်းမိုးမှုများနှင့် ဆီအုန်းအပင်အိုများ ရှိခြင်းကြောင့် စားအုန်းဆီဈေးကွက် အကျပ်အတည်းဖြစ်နိုင်ကြောင်း မလေးရှားနိုင်ငံ ဆီအုန်းစိုက်ပျိုးသူများအဖွဲ့က ခန့်မှန်းထားပါသည်။

28 Mar 2023

      အိန္ဒိယနိုင်ငံတွင် ၂ဝ၂၂-၂၃ သီးနှံရာသီ (အောက်တိုဘာလ-စက်တင်ဘာလ) အတွင်း ဝါဂွမ်း စိုက်ပျိုးသည့်ဒေသများဖြစ်ကြသော တီလန်ဂါနာ၊ မဟာရာရှ်ထရာ၊ ဟာရီယာနာ၊ ကာနာတကာ၊ ပန်ဂျပ်နှင့် တမီနာဒူ ဒေသများတွင် အထွက်နှုန်း ကျဆင်းမှုနှင့်အတူ ဝါဂွမ်းထွက်ရှိမှုမှာ မူလခန့်မှန်းထားသည့် တစ်ထုပ်လျှင် ၁၇ဝ ကီလိုဂရမ်ဝင် ဝါဂွမ်းထုပ်ရေ (bales) ၃၂၁.၅ သိန်းမှ‌ ၈.၅ သိန်းလျော့ချလျက် အထုပ်ရေ ၃၁၃ သိန်းခန့်သာ ထွက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။ ထိုသို့ အထွက်လျော့နည်းမှုကြောင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး မတ်လ ၁၆ ရက်နေ့၌ ဂူဂျရတ်ပြည်နယ်၊ Rajkot ဈေးကွက်တွင် ဝါဂွမ်း တစ်ကွင်တယ် (ဝ.၁ တန်) လျှင် ရူပီး ၈ဝဝဝ သို့မြင့်တ

28 Mar 2023

      Economica.net ၏ အစီရင်ခံစာတွင်  ပင်လယ်နက် (Black Sea) ဒေသတွင်း၌ နေကြာဆီ လက်ကားဈေးနှုန်းသည် (၂) လအတွင်း၌ ၁၅ % ကျဆင်းခဲ့ပါကြောင်း၊ နေကြာဆီ ၁ တန်လျှင် တူရကီဆိပ်ကမ်းများတွင် ဒေါ်လာ ၉၉၀၊ ဘူလ်ဂေးရီးယားနိုင်ငံ ဗာနာဆိပ်ကမ်း၌ ဒေါ်လာ ၉၈၀ နှင့် ယူကရိန်းဆိပ်ကမ်းများတွင် ဒေါ်လာ ၉၀၀ ခန့် အသီးသီး ဈေးနှုန်းများ ဖြစ်ပေါ်လျက် ရှိကြောင်း၊ နောက်ဆုံးအကြိမ် နေကြာဆီဈေးနှုန်း အနိမ့်ဆုံးဖြစ်ပေါ်ခဲ့မှုမှာ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလတွင်ဖြစ်ရာ ယခုအခါ ၂ နှစ်ခွဲတာကာလအတွင်း အနည်းပါးဆုံး ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

28 Mar 2023

    ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် သကြားတင်သွင်းခွန်နှင့် တန်ဖိုးမြှင့်အခွန် (Value Added Tax) များကို လျှော့ချမည်ဖြစ်ရာ အမှန်တကယ်တွင် ၁ ကီလိုဂရမ်လျှင် တာကာငွေ ၄.၅ နှုန်း ဈေးလျှော့ချရန်ဖြစ်သော်လည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် သကြားကြိတ်ခွဲသည့်လုပ်ငန်းများနှင့် ကျိုချက်သန့်စင်သည့်လုပ်ငန်းများကို လက်လီအဆင့်အနေဖြင့် သကြားဈေးနှုန်းအား ၁ ကီလိုဂရမ်လျှင် ၅ တာကာနှုန်း ဈေးလျှော့ချစေရေး တောင်းဆိုသွားမည် ဖြစ်သည်။

28 Mar 2023

        စဉ်ဆက်မပြတ်ထိန်းသိမ်းမှုစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သည့် စားအုန်းဆီဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ် (Malaysian Sustainable Palm Oil – MSPO) ရရှိသည့် မလေးရှားနိုင်ငံ၊  ဆာရာဝပ်ပြည်နယ်မှ စားအုန်းဆီများ အိန္ဒိယဈေးကွက်သို့ ဝင်ရောက်နိုင်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာတစ်စောင်ကို SEA ခေါ် အိန္ဒိယဆီစက်လုပ်ငန်းရှင်များအသင်း (Solvent Extractors’ Association of India) နှင့် မလေးရှားနိုင်ငံရှိ စားအုန်းဆီစိုက်ပျိုးထုတ်လုပ်သည့် အသင်းအဖွဲ့ ၃ ခုတို့ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။

01 Feb 2023

   တိုင်း‌ဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

23 Jan 2023

      Diamond Dragon Co.,Ltd ၏ တောင်ငူမြို့ ကိုယ်စားလှယ်ဖြစ်သော အောင်စားသုံးဆီ အရောင်းဆိုင်သည် တောင်ငူခရိုင်အတွင်းမှ အခြေခံလူတန်းစားများအပြင် ဌာနဆိုင်ရာဝန်ထမ်းများပါ စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် Yerthetpan အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီ(အလေးချိန် ၅၀ ကျပ်သားဘူး)များကို မော်တော်ယာဉ်ဖြင့် လှည့်လည် ရောင်းချပေးလျက်ရှိပါသည်။

12 Jan 2023

၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့ စားအုန်းဆီထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှား နိုင်ငံ၌ ဟင်းချက်ဆီဈေးနှုန်း စံချိန်တင်မြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။ ဟင်းချက်ဆီရောင်းလိုအား လျော့နည်းကျဆင်းမှုနှင့် ရင်ဆိုင်ခဲ့ရပြီး သာမန်ထုပ်ပိုးမှုဖြင့်ရောင်းချသည့် စားအုန်းဆီ တစ်လီတာ လျှင် အမေရိကန်ဒေါ်လာ ၁.၁၅ (1 Kg/1.035 USD) ထိ ပြည်တွင်းဈေးနှုန်း မြင့်တက်မှုဖြစ်ပေါ်ခဲ့ ကြောင်းသိရပါသည်။ ကမ္ဘာ့ဈေးကွက်တွင် စားအုန်းဆီကြမ်း (CPO) ဈေးနှုန်းမှာ ရှရှား-ယူကရိန်း ပဋိပက္ခကြောင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ သိသိသာသာဈေးနှုန်း မြင့်တက်ခဲ့ပါသည်။ အင်ဒို နီးရှားနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီး Mr.

Pages