ပြည်ပကုန်သွယ်မှုသတင်းများ
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ကျင်းပသော ၆ ကြိမ်မြောက် နိုင်ငံတကာဆန်စပါးညီလာခံတွင် အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာန (IRRI)၊ ဖိလစ်ပိုင်ဆန်စပါးသုတေသနဌာန (PhilRice) နှင့် ဖိလစ်ပိုင်သီးနှံအာမခံကော်ပိုရေးရှင်း (PCIC) တို့သည် သီးနှံအာမခံမှု စီမံကိန်းဆိုင်ရာ သဘောတူညီချက်စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခုနှစ် ဘိုရိုရာသီ (Boro season) ခေါ် နွေစပါးရာသီတွင် စပ်မျိုးစပါးများ စိုက်ပျိုးထုတ်လုပ်ရေးနှင့် စပ်လျဉ်းသည့် ဆွဲဆောင်မှုတစ်ခုအဖြစ် တာကာငွေ ကုဋေ ၉၀ ကို ပံ့ပိုးပေးမည်ဟု အစိုးရက ၁၉-၁၀-၂၀၂၃ ရက်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့ပြီး ကွင်းဆင်းလေ့လာ သည့်အဆင့်များကို မကြာမီ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါပံပိုးမှုအစီအစဉ်အောက်တွင် လုပ်ကွက်ငယ်လယ်သမား ၁၄.၄၀ သိန်းသည် ၁ ဘီဂါ (bigha) (၁၆၀၀ စတုရန်းကိုက်) အကျယ်အဝန်းရှိသောစိုက်ပျိုးမြေအတွက် လုံလောက်မှုရှိမည့် စပ်မျိုးစပါး မျိုးစေ့ နှစ်ကီလိုဂရမ်ကို အခမဲ့ရရှိမည်ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံအစိုးရအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ပြည်ပမှဆန်တင်သွင်းမှုကို ရှောင်ကြဉ်လျက် နိုင်ငံအတွင်း ဆန်စပါးထုတ်လုပ်မှုမှ ဖူလုံမှုရှိစေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိ ကြောင်းသိရှိပါသည်။

တရုတ်နိုင်ငံ၌ နွေရာသီကာလအတွင်း အပူလှိုင်းများရိုက်ခတ်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် သီးနှံစိုက်ခင်းများ ပျက်စီးမှုရှိပြီး အချို့ဒေသများတွင် ရိတ်သိမ်းနိုင်ခြင်းမရှိပဲ စားနပ်ရိက္ခာထုတ်လုပ်မှုကို ထိခိုက်စေခဲ့သော်လည်း နိုင်ငံ၏ကောက်ပဲသီးနှံထွက်ရှိမှုမှာ စံချိန် တင်မြင့်တက်နိုင်ကြောင်း အစိုးရသတင်းအရင်းအမြစ်များအရ သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနရှိ ပို့ကုန်သွင်းကုန်ဦးစီးဌာန၏ ၁၈-၁၀-၂ဝ၂၃ နေ့ စာရင်းထုတ်ပြန်ချက်အရ ပြည်ပသို့ ဆန်တင်ပို့ရန် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော ပို့ကုန်လုပ်ငန်းရှင်ဦးရေသည် ၁၇ဝ ရှိကြောင်း သိရှိရပါသည်။
အဆိုပါကြေညာချက်အရ Ho Chi Minh မြို့တော်သည် သတ်မှတ်အရည်အချင်း ပြည့်မီသော ဆန်တင်ပို့သည့် ကုမ္ပဏီ ၃၇ ခုဖြင့် အများဆုံးဖြစ်ပြီး ၎င်း၏နောက်၌ မဲခေါင်မြစ်ဝကျွန်းပေါ် ဒေသရှိ Can Tho မြို့တွင် ၃၆ ခု၊ တောင်ပိုင်းပြည်နယ်များဖြစ်ကြသော Long An နှင့် An Giang တို့တွင် ၂၂ ခုနှင့် ၁၆ ခု အသီးသီးရှိကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၌ မကြာသေးမီကာလအတွင်း နိုင်ငံပိုင်ကော်ပိုရေးရှင်း တစ်ခုအဖြစ် အသစ် တည်ထောင်ဖွဲ့စည်းခဲ့သော အမျိုးသားပို့ကုန်များသမဝါယမလီမိတက် (National Cooperative Exports Ltd ̶ NCEL) သည် အာဖရိကအရှေ့ပိုင်းရှိ မောရစ်သျှနိုင်ငံသို့ ဘာစမာတီမဟုတ်သော ဆန်တန်ချိန် ၃၉၅၀ ကို တင်ပို့ခြင်းဖြင့် ၎င်း၏ ပထမဦးဆုံးအကြိမ် ပြည်ပသို့ ကုန်စည်တင်ပို့မှုကို စတင်ခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံ၌ အမျိုးသားအဆင့်သမဝါယမပို့ကုန်ဆိုင်ရာ ညီလာခံတစ်ရပ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ကျင်းပခဲ့ရာ သမဝါယမဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Amit Shah က အသစ်ဖွဲ့စည်းတည်ထောင်ခဲ့သော အမျိုးသားပို့ကုန်များသမဝါယမလီမိတက် (National Cooperative Exports Limited - NCEL) သည် ပြည်ပသို့တင်ပို့မည့် ကုန်စည်များကို အစိုးရက သတ်မှတ်သည့် အနိမ့်ဆုံး အထောက်အကူပြု အခြေခံရည်ညွှန်းဈေးနှုန်း (Minimum Support Price - MSP) ဖြင့် အသင်းဝင် လယ်သမားများထံမှ ဝယ်ယူမည်ဖြစ်ကြောင်း၊ လက်ရှိကာလ၌ NCEL သည် ရူပီးငွေ ကုဋေ ၇၀၀၀ တန်ဖိုးရှိ ပို့ကုန်အမှာစာများ ရရှိထားပြီးဖြစ်ကြောင်း၊ NCEL ၏ ပြည်ပသို့ ကု

ဖိလစ်ပိုင်နိုင်ငံ၌ ၂၀၂၃ ခုနှစ်အတွင်း စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ မက်ထရစ်တန်ချိန်သန်း၂၀ အထိ ထွက်ရှိလျက် ယခင်နှစ် စပါးထွက်ရှိမှု တန်ချိန် ၁၉.၇ သန်းအပေါ် ၁.၅% တိုးတက်မှုရရှိနိုင်ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဒုတိယအတွင်းဝန် Leocadio Sebastian က ၁၉-၁၀-၂၀၂၃ နေ့တွင် ကျင်းပသည့် ဆဋ္ဌမအကြိမ် နိုင်ငံတကာ ဆန်စပါးညီလာခံ၌ သတင်းထောက်များသို့ ပြောကြားခဲ့ပါသည်။

ထိုင်းဆန်စျေးနှုန်းများမှာ ၁၀၀ မှတ် ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၉ကျဆင်းသွားပြီး ၂၅မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၆ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ပေါင်းဆန်စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၆၀၃ဖြင့် စျေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရသည်။
ဗီယက်နမ်ဆန်ဈေးနှုန်းများမှာ ၅မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၂၂၊ ၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၇ဖြင့် စျေးနှုန်းမြင့်တက်လျက်ရှိပြီး ဆန်ကွဲစျေးနှုန်းကို ဖော်ပြထားခြင်းမရှိပါ။
ထိုင်းဆန်စျေးနှုန်းများမှာ ၁၀၀မှတ် ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၉ကျဆင်းသွားပြီး ၂၅မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၆ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ပေါင်းဆန်စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၆၀၃ဖြင့် စျေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရသည်။
ဗီယက်နမ်ဆန်ဈေးနှုန်းများမှာ ၅မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၂၂၊ ၂၅မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၇ဖြင့် စျေးနှုန်း မြင့်တက်လျက်ရှိပြီး ဆန်ကွဲစျေးနှုန်း ဖော်ပြထားခြင်းမရှိပါ။

တရုတ်နိုင်ငံမှ ဝယ်လိုအားမြင့်တက်ခြင်း၊ ပြည်ပသို့တင်ပို့မှုပမာဏ တိုးတက်လာခြင်းနှင့် ချီကာဂိုဈေးကွက်၌ ပဲပုတ်ဆီဈေးနှုန်းများ အားကောင်းခိုင်မာမှုရှိခြင်းတို့ကြောင့် မလေးရှားနိုင်ငံ ဘာဆာဆင့်ပွားစတော့ဈေးကွက် (Bursa Malaysia Derivatives Exchange) တွင် ဇန်နဝါရီလ အတွက် သင်္ဘောတင်ပို့မည့် စားအုန်းဆီကြမ်းများ၏ ဈေးနှုန်းသည် ၁၈-၁၀-၂၀၂၃ နေ့၌ မက်ထရစ် ၁ တန်လျှင် ရင်းဂစ်ငွေ ၃၈၁၀ နှုန်း (၈၀၃.၄၆ ဒေါ်လာ) သို့ ရောက်ရှိလျက် ယခင်နေ့ထက် ၀.၆၉% မြင့်တက်လာခဲ့သည်။

အာရှဒေသအတွင်း၌ ကြာမြင့်စွာ ပူပြင်းခြောက်သွေ့မှုများနှင့် မိုးခေါင်ရေရှားမှုတို့ကြောင့် ဖြစ်ပေါ်လာသည့် သမုဒ္ဒရာရေမျက်နှာပြင် ပူနွေးလာသည့် အယ်လ်နီညိုဖြစ်စဉ်သည် အနည်းဆုံး ၂၀၂၄ ခုနှစ် မေလအထိဖြင့် ဆက်လက်ဖြစ်ပွားနိုင်ကြောင်း အမေရိကန် မိုးလေဝသအေဂျင်စီအဖွဲ့ (NOAA) ၏ လက်အောက်ရှိ ရာသီဥတုခန့်မှန်းရေးဌာန (Climate Prediction Center - CPC) က ပြောကြားခဲ့ပါသည်။
