ပြည်ပကုန်သွယ်မှုသတင်းများ
အမေရိကန် နိုင်ငံစုံမော်တော်ကားနှင့် သန့်ရှင်းသော စွမ်းအင်ကုမ္ပဏီ Tesla သည် အိန္ဒိယနိုင်ငံတွင် ၎င်း၏ ဒုတိယမြောက် အရောင်းပြခန်းကို သြဂုတ်လ ၁၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ အရောင်းပြခန်းကို အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီရှိ Aerocity Worldmark 3 တွင် ဖွင့်လှစ်ခဲ့သည်။ Tesla သည်

အင်ဒိုနီးရှားအစိုးရသည် သြဂုတ်လ ၁၁ ရက်နေ့တွင် ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုသဘောတူညီချက် (CEPA) ကို လက်မှတ်ရေးထိုးပြီးနောက် လာမည့်နှစ်များတွင် ပီရူးနှင့် နှစ်ဘက်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဘီလီယံရရှိရန် ရည်မှန်းထား ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက သြဂုတ်လ ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ ဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ညှိနှိုင်းရေး ညွှန်ကြားရေးမှူးချုပ် Djatmiko Bris Witjaksono

အိန္ဒိယအစိုးရသည် မတူညီသောပြည်နယ် ၃ ခုတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ် သည့် ယူနစ်အသစ်လေးခုကို အိန္ဒိယရူပီး ၄၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၂၅ သန်းခန့်) ခန့်မှန်းကုန်ကျစရိတ်ဖြင့် အတည်ပြုလိုက်ကြောင်း တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ အင်္ဂါနေ့က ၀န်ကြီးချုပ် Narendra Modi ဦးဆောင်သော ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးတွင် အတည်ပြုချက်ရရှိခဲ့ကြောင်းသိရသည်။ "အတည်ပြုထားသော ဆီမီးကွန် ဒတ်တာ ပရောဂျက်ခြောက

တောင်ကိုရီးယားနိုင်ငံ၏ သတင်းအချက်အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ထုတ်လုပ်မှုသည် အားကောင်းသော Semiconductor ဝယ်လိုအားကြောင့် ဇူလိုင်လတွင် ခြောက်ကြိမ်မြောက် ဆက်တိုက်မြင့်တက်ခဲ့ကြောင်း အစိုးရသတင်းအချက်အလက်များအရ သိရပါသည်။

Toyota Tsusho Manufacturing (Cambodia) Co., Ltd.

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမခုနစ်လတွင် ရော်ဘာနှင့် ရော်ဘာတင်ပို့မှုမှ ကန်ဒေါ်လာ ၃၈၇ သန်းကျော်ရရှိခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၂ ရာခိုင်နှုန်းကျော်တိုးလာကြောင်း ရော်ဘာဦးစီးဌာန၏ အစီရင်ခံစာအရသိရသည်။ ကမ္ဘောဒီးယား နိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမခုနစ်လအတွင်း ရော်ဘာတန်ချိန် ၁၇၉,၁၉၈ တန် ထုတ်လုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁.၃၁ ရာခိုင်နှုန်း တိုးလာကြောင်း ၁၁-၈-

ဒေသတွင်းနှင့်ကမ္ဘာ့ကုန်သွယ်ရေးတွင် ကမ္ဘောဒီးယား၏ အခန်းကဏ္ဍကို အားကောင်း လာစေရန်အတွက် ဥရောပနှင့် အမေရိကန်မှကုန်ထုတ်လုပ်သူများကို ဆွဲဆောင်ရန်အတွက် အမေရိကန်ကုမ္ပဏီတစ်ခုသည် မဲခေါင်မြစ်တစ်လျှောက်တွင် အထူးစီးပွားရေးဇုန် (SEZ) ဖွံ့ဖြိုး တိုးတက်ရန် ဒေါ်လာ ၂၉၇.၆ သန်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ပြင်ဆင်နေ စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန(MISTI) မှ ၁၂-၈-၂၀၂၅ ရက်နေ့တွင် အစီရင်ခံစာ ထု

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ခုနစ်လတွင် ကန်ဒေါ်လာ ၁၇.၇၂ ဘီလီယံဖိုး ကုန်ပစ္စည်းများ တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလထက် ကန်ဒေါ်လာ ၁၄.၉၆ ဘီလီယံမှ ၁၈.၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ၁၂-၈-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် တရားဝင် အစီရင်ခံစာအရ သိရသည်။ အဓိက ပို့ကုန်များတွင် အဝတ်အထည်၊ ဖိနပ်နှင့် ခရီးသွား ကုန်ပစ္စည်းများ၊ စက်ဘီးများ၊ ကားတာယာများ၊ ဆန်၊ ရောဘာ၊ ပီလောပီနံ၊ သီဟိုဠ်စေ့၊ င

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် သီဟိုဠ်စေ့အကြမ်းထုတ်လုပ်သည့် ကမ္ဘာ့ဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပြီး နှစ်စဉ်ပျမ်းမျှတန်ချိန် ၈၀၀,၀၀၀ ခန့် ထွက်ရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ သီဟိုဠ်စေ့အသင်း (CAC) က ၄-၈-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ နှစ်စဉ် စိုက်ပျိုးဧရိယာများ တိုးချဲ့လာမှုကြောင့် လာမည့်ငါးနှစ်အတွင်း ထုတ်လုပ်မှု တန်ချိန် ၁ သန်းကျော် မျှော်မှန်းထားကြောင်း CAC ၏ ဒုတိယဥက္ကဋ္ဌ Suy Kokthean က Khme

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ယခုနှစ် ပထမနှစ်ဝက်အတွင်း ကုမ္ပဏီနှင့် လုပ်ငန်းသစ် ၅,၆၄၉ ခု မှတ်ပုံတင်ခဲ့ပြီး ယခင်နှစ် အလားတူကာလတွင် မှတ်ပုံတင် ထားသည့် ကုမ္ပဏီ ၅,၃၄၉ ခုမှ ၅.၆ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ၄-၈-၂၀၂၅ ရက်နေ့တွင် အစီရင်ခံစာထုတ်ပြန်ခဲ့သည်။ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ကုမ္ပဏီပေါင်း ၃,၀၇၃ ခုသည် အရင်းအနှီးကုမ္ပဏီများအဖြစ် မှတ်ပုံတင်ထားပြီး နိုင်ငံခြားကုန်သွယ်မှု ကုမ္ပ

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုသည် ဇန်နဝါရီလ ၁ရက်နေ့မှ သြဂုတ်လ ၃ရက်နေ့အတွင်း ယခင်နှစ် အလားတူကာလထက် ၆.၅၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ခရီးသွားနှင့် အားကစားဝန်ကြီးဌာနက ၅.၈.၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

ဇူလိုင်လ ၂၇ ရက်အထိ ဂျပန်နိုင်ငံ စူပါမားကတ်များတွင် ရောင်းချလျက်ရှိသော လက်လီ ဆန်စျေးနှုန်းသည် ၅ ကီလိုလျှင် ယမ်း ၃၆၂၅ (အမေရိကန်ဒေါ်လာ ၂၄.၆ )အထိမြင့်တက်ခဲ့ ကြောင်း အစိုးရမှထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရပါသည်။ ဇူလိုင် ၂၁ မှ ဇူလိုင် ၂၇ ရက် အတွင်းတွင် ဆန်စျေးနှုန်းသည် ယခင်အပတ်ထက် ယမ်း ၄၀ အထိ မြင့်တက်ခဲ့ကြောင်း စိုက်ပျိုးရေး၊ သစ်တော နှင့် ငါးလုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်

