Main menu

နွေပဲတီစိမ်းများလှိုင်လှိုင်ပေါ်၍ ဈေးဆက်လက်ကျဆင်း

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့်ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။

     ပဲတီစိမ်းမှာ ဧပြီလ၊ တတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ဇွန်လ၊ ဒုတိယအပတ်ထိ ဝင်ရောက်လျက်ရှိကြောင်း၊ ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ရွှေဘိုခရိုင်အတွင်းရှိ နွေသီးနှံစိုက်ပျိုးရန်အတွက် ဆည်ရေရရှိသည့်မြို့နယ်များအပြင် မူးမြစ်ဝှမ်းဒေသများမှ ပဲတီစိမ်းများဝင်ရောက်လျက်ရှိကြောင်း၊  ဇွန်လ၊ ဒုတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တင်းလျှင် (၅၄၃၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၂၀၀၀) တင်း/(၆၅) တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ ပဲတီစိမ်းများမှာ အရောင်းအဝယ်ဖြစ်ခြင်းမရှိကြောင်း၊ ဇွန်လ၊ ပထမအပတ်နှင့် ဒုတိယအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ပထမပတ်၌ ပဲတီစိမ်းတစ်တင်းလျှင် (၆၀၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ဒုတိယအပတ်တွင် ပထမအပတ်အောက် ပဲတီစိမ်းတစ်တင်းလျှင် (၅၇၀ဝိ/-) ကျပ်ဈေးလျော့နည်းခဲ့ပြီး ဈေးနှုန်းလျော့နည်းသော်လည်း ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)