
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြစ်ချောင်းများတွင် ရေချိုပုစွန်များ ရရှိနိုင်ပြီး ဒေသခံများ ကပုစွန်ဖမ်းဆီးခြင်းလုပ်ငန်းကို တစ်နိုင်တစ်ပိုင် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ ရရှိလာသော ရေချိုပုစွန်များကို ဒေသတွင်းစျေးများတွင် ရောင်းချကြပြီး ဒေသခံပြည်သူများအတွက် အစားအစာအ ဖြစ်သာမက မိသားစုဝင်ငွေရရှိစေသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုလည်း ဖြစ်လာသည်။
ရေချိုပုစွန်များကို လတ်ဆတ်စွာ ရောင်းချသည့်အပြင် ပုစွန်ခြောက်အဖြစ် ပြုပြင်ထုတ်လုပ်၍ လည်း ရောင်းချကြသည်။ စျေးနှုန်းမှာ တစ်ပိဿာလျှင်(၄၇၀၀၀/-)ကျပ်ဖြစ်ပြီး ရာသီအလိုက် ပုစွန်ရရှိ မှုနှင့် အရွယ်အစားပေါ်မူတည်၍ ပြောင်းလဲနိုင်ကြောင်း သိရသည်။
ဒေသတွင်းရေချိုပုစွန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ဒေသခံများ၏ အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက်လာနိုင်သည့်အပြင် ဒေသထွက်ကုန်တစ်မျိုးအဖြစ်လည်း အထောက်အကူပြုနိုင်မည် ဖြစ်သည်။
DOCA(တနင်္သာရီ)
