Main menu

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

    ၂၀၂၃ ခုနှစ်၊ ဇွန်လ (ဒုတိယပတ်)အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ) တစ်ပြည် ၅၅၀၀ ကျပ်၊ ဧည့်မထ (ဒေသ)ဆန် တစ်ပြည် ၃၁၅၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များ အနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၃၂၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၈၀၀၀ ကျပ်၊ (ရှမ်းစ)တစ်ပိဿာ ၈၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၂၀၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၂၅၀၀ ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၃၂၀၀ ကျပ်နှင့် ချင်း တစ်ပိဿာ ၂၅၀၀ ကျပ် စသဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

    ကျိုင်းတုံမြို့တွင် ဇွန်လ ဒုတိယပတ်၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၇၀၀၀ ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၂၅၀ ကျပ် နှင့် ဘဲဥ တစ်လုံး ၃၅၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာ ၁၄၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၂၂၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၂၄၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၃၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၁၀၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ် လျက်ရှိကြောင်း သိရှိရပါသည်။

     ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင် မေလ ဒုတိယပတ်နှင့် နှိုင်းယှဉ် ပါက ကြက်သွန်ဖြူ(ရှမ်းစ)၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ(ကြူကုတ်)၊ ငရုတ်သီးခြောက်(ရှည်)နှင့် အားလူး၊ ခရမ်းချဉ်သီး၊ ချင်း ဈေးနှုန်းတို့မှာ အနည်းငယ်မြင့်တက်လာပါသည်။ ကျန်အခြေခံစားသောက် ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။  

DOCA(ရှမ်း)