Main menu

ဘူးသီးဈေးကွက်တွင် ဈေးနှုန်းများမြင့်တက်လာ

Powered by Drupal

    ဘူးသီးများကို မြန်မာလူမျိုးများသည် ဟင်းလျာအဖြစ်လည်းကောင်း၊ သားရေစာအဖြစ်လည်းကောင်း၊ အမျိုးမျိုးပြုလုပ်၍ စားသုံးလျက်ရှိပါသည်။ ဘူးသီး၏ပုံသဏ္ဌာန်အရ ဘူးသပိတ်၊ ဘူးလည်းလှ၊ ဘူးရှည်စက၊ ဘူးရှည်၊ ဘူးရေမှုတ်၊ ဘူးခါးဟူ၍ အမျိုးမျိုးရှိပါသည်။ ဘူးပင်ကို အထက်မြန်မာပြည်တွင် မေလနှင့်ဇွန်လများတွင် စိုက်ပျိုးကြပြီး အောက်မြန်မာပြည်တွင် ဆောင်းတွင်းပိုင်းဖြစ်သော အောက်တိုဘာလ၌ အများဆုံးစိုက်ပျိုးကြပါသည်။ ရေမဝပ်သောကုန်းမြင့်ပိုင်းတွင် စိုက်ပျိုးကြပါသည်။ ဘူးပင်ကို အိမ်တွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ မီးဖိုချောင်စရိတ်လည်းရရှိပါသည်။ ဘူးပင်ကို စိုက်ပျိုးပြီးသည့်နောက် (၇၅) ရက်မှ (၉၀) ရက်အကြာတွင် စတင်၍ခူးဆွတ်နိုင်သည်။ ရင့်လွန်းလျှင်လည်း ချက်ပြုတ်စားသောက်ရန် မကောင်းသကဲ့သို့ နုလွန်းလျှင်လည်း အခါးဓာတ်ရှိ၏။ ဘူးသီးကို မနုမရင့်အနေတော်ခူးမှသာ စားသုံးရန်သင့်၏။ ဘူးသီးကို တစ်ဧကလျှင် ဘူးသီးလုံးရေ (၆၀၀၀-၈၀၀၀) အထိထွက်၏။ ယခင်က ဘူးသီးအသေးတစ်လုံးလျှင် (၅၀၀) ကျပ်၊ အကြီးတစ်လုံးလျှင် (၈၀၀) ကျပ်ရှိပြီး ယခု ပြည်ဈေးကွက်တွင် ဘူးသီးအသေးတစ်လုံးလျှင် (၁၅၀၀) ကျပ်၊ အလတ်တစ်လုံးလျှင် (၂၅၀၀) ကျပ်၊ အကြီးတစ်လုံးလျှင် (၃၅၀၀) ကျပ်ထိရောင်းချကြောင်းသိရပါသည်။ အကြော်သည်များအနေဖြင့် ဘူးသီးကြီးလေ ကြိုက်လေဖြစ်သဖြင့် ကျပ် (၂၅၀၀)၊ ကျပ် (၃၅၀၀) စသည်ဖြင့် ဈေးကွက်ရှိ၍ ဈေးများမြင့်တက်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)