တောင်ငူမြို့ ၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (မိုးထောင်သီး) တစ်ပိဿာလျှင် ၉၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ၊ ကုလားအော်သီး တစ်ပိဿာလျှင် ၁၉၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိ၊ ခရမ်းသီး (အဖြူ) တစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ၊ ခရမ်းသီး(အညို) တစ်ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။
ဒေသသခွားသီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၀၀၀ ကျပ်အထိရှိရာမှ ယခု အပတ်တွင် တစ်ပိဿာလျှင် ၆၀၀ ကျပ်၊ ရှမ်းပြည်သခွားသီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၂၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၀၀ ကျပ်မှ ၉၀၀ ကျပ်အထိ၊ ဂေါ်ဖီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၆၀၀ ကျပ်အထိ ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၉၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ၊ ခရမ်းချဉ်သီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀ ကျပ်မှ ၁၃၀၀ ကျပ်အထိဖြင့် ဈေးနှုန်း ကျဆင်းပါသည်။
ပြောင်းဖူး အကြီး တစ်ဖူးလျှင် ၂၀၀ ကျပ်မှ ၂၅၀ ကျပ်အထိရှိရာမှ ယခုအပတ်တွင် တစ်ဖူးလျှင် ၂၅၀ ကျပ်မှ ၃၀၀ ကျပ်အထိ၊ ပြောင်းဖူးအသေး တစ်ဖူးလျှင် ၁၃၀ ကျပ်မှ ၁၅၀ ကျပ်အထိ ရှိရာမှ ယခုအပတ်တွင် တစ်ဖူးလျှင် ၁၅၀ ကျပ်မှ ၂၀၀ ကျပ်အထိ၊ နံနံပင်မှာ ယခင်အပတ် က တစ်ဆယ်ကျပ်သားလျှင် ၆၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်ပါသည်။
ကန်စွန်းရွက်မှာ တစ်စည်း ၅၀ ကျပ်၊ ၁၀ စည်းယူလျှင် ၅၀၀ ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်း ၁၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၉၀၀ ကျပ်ရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)