ပြည်ဈေးကွက်အတွင်း ယခုကာလတွင် နံနံပင်ဈေးနှုန်းများ အဆမတန်မြင့်တက်လျက်ရှိပြီး ၂၀၂၃ခုနှစ်၊ မေလ၊ နောက်ဆုံးအပတ်မှစတင်ကာ မြင့်တက်လျက်ရှိကြောင်း သိရပါသည်။ ပြည်ဈေးကွက်သို့ ရွှေတောင်မြို့နယ်၊ ဝက်ထီးကန်မြို့နယ်တို့မှ ဝင်ရောက်လျက်ရှိပြီး ပုံမှန်အချိန်၌ ယခုကဲ့သို့ မိုးကျကာလတွင် နံနံပင်အထွက်များလျက်ရှိသော်လည်း ယခုနှစ် မိုးနောက်ကျပြီး ရာသီဥတုအပူချိန်ပြင်းသည့်အတွက် နံနံပင်များသေကာ အထွက်နည်းသဖြင့် ဝင်ရောက်မှုမှာ သုံးပုံတစ်ပုံခန့်သာရှိတော့ကြောင်း သိရပါသည်။ ဝင်ရောက်မှုနည်းသွားသဖြင့် ဈေးနှုန်းမှာ ယခင်၌ နံနံပင်တစ်ပိဿာလျှင် ကျပ် (၅၀၀၀-၆၀၀၀) ခန့်ရှိရာမှ ယခု၌ တစ်ပိဿာလျှင် ကျပ် (၁၃၀၀၀-၁၆၀၀၀) ထိမြင့်တက်သွားပြီး ယခင်၌ (၁၀) ပင်စည်းတစ်စည်းလျှင် ကျပ် (၅၀-၁၀၀) ရှိကာ ယခုအချိန်တွင် နှစ်ပင်စည်း၊ သုံးပင်စည်းတစ်စည်းလျှင် ကျပ် (၂၀၀) ဖြင့် အနည်းဆုံးရောင်းချကြောင်း သိရပါသည်။
DOCA(ပဲခူး)