Main menu

တောင်ငူမြို့၏ ဘူးသီး၊ ဖရုံသီးနှင့် မျှစ်ဈေးကွက်

Powered by Drupal

     တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်များကို လက်လီ/လက်ကားအများဆုံးရောင်းချသော ညောင်ပင်ဈေးတွင် ဘူးသီး အလုံးအသေး၊ အလတ်၊ အကြီးမျိုးစုံရှိရာ ယခင်နှစ်၌ အသေးတစ်လုံးလျှင် ၂၀၀ကျပ်မှ ၃၀၀ကျပ်ထိသာရှိခဲ့သော်လည်း ယခုအချိန်တွင် ဘူးသီးအသေးတစ်လုံးလျှင် ၅၀၀ကျပ်မှ ၆၀၀ကျပ်ထိရှိလာခဲ့ပါသည်။

     ဘူးသီးအလတ်မှာ ယခင်နှစ်တွင် တစ်လုံးလျှင် ၅၀၀ကျပ်မှ ၆၀၀ကျပ်ထိသာရှိခဲ့သော်လည်း ယခုအချိန်တွင် ဘူးသီးအလတ်တစ်လုံးလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်ထိသာရှိပါသည်။ အကြော် ကြော်ရာတွင်သုံးသော ဘူးသီးအလုံးအကြီးမှာ ယခင်နှစ်၌ တစ်လုံးလျှင် ၉၀၀ကျပ်မှ ၁၀၀၀ကျပ်ထိသာရှိခဲ့သော်လည်း ယခုအခါ ဘူးသီးအကြီးတစ်လုံးမှာ ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိဈေးတက်လာခဲ့ပါသည်။

    ရွှေဖရုံသီးကို အလုံးနှင့်မဟုတ်ဘဲ ပိဿာချိန်ဖြင့်ရောင်းချလျက်ရှိရာ တစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၁၈၀၀ကျပ်ထိရောင်းချပါသည်။ ရွှေဖရုံသီးစိတ်တစ်စိတ်လျှင် ၃၀၀ကျပ်ဖြင့်ရောင်းချပြီး ၅စိတ်တွဲတစ်တွဲလျှင် ၁၃၀၀ကျပ်ဖြင့်ရောင်းချပါသည်။

     ကျောက်ဖရုံသီးကိုလည်း အလုံးနှင့်မဟုတ်ဘဲ အချိန်ဖြင့်ရောင်းချလျက်ရှိရာ တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်ထိရောင်းချပါသည်။ ကျောက်ဖရုံသီးအစိတ်တစ်စိတ်လျှင် ၄၀၀ကျပ်ဖြင့်ရောင်းချပြီး ၅စိတ်တွဲတစ်တွဲလျှင် ၁၈၀၀ကျပ်ဖြင့်ရောင်းချပါသည်။

     မိုးရာသီတွင်ပေါ်သော ဝါးနွယ်မျှစ်ပြုတ်များမှာ ယခင်နှစ်တွင် တစ်ပိဿာလျှင် ၂၀၀၀ကျပ် မှ ၂၅၀၀ကျပ်ထိသာရှိခဲ့သော်လည်း ယခုနှစ် ပေါ်ခါစတွင် တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်ထိရှိပါသည်။ လှိုင်လှိုင်ပေါ်သည့်အခါ ဈေးကျနိုင်ကြောင်း သိရပါသည်။

      မုံလာဖူးမှာ တစ်စည်းလျှင် ၂၅၀ကျပ်၊ ၁၀စည်းယူပါက ၂၃၀၀ကျပ်ဖြင့်ရောင်းချပါသည်။ မုန်လာဖူးမှာ ပြုတ်စား၍လည်းကောင်း၊ သုပ်စား၍လည်းကောင်း အသုံးပြုကြပြီး အခြားဟင်းသီးဟင်းရွက်များထက် ပို၍ရောင်းချရကြောင်း သိရပါသည်။

DOCA(ပဲခူး)