Main menu

တောင်ငူမြို့တွင် စီပီကြက်သားနှင့် ငါးခူဈေးအနည်းငယ်တက်နေပြီး ပုစွန်ဈေးအနည်းငယ်ကျ

Powered by Drupal

    တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ သားငါးဆိုင်များတွင် ကြက်သား (အိမ်မွေးကြက်) အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ရင်အုပ်သီးသန့်တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စီပီကြက်အခြမ်းလိုက်ဈေးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ၁၂၀၀၀ကျပ်၊ အသားသီးသန့်မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးအနည်းငယ်တက်နေပါသည်။

    ဝက်သား (ရေလွတ်သား) သုံးထပ်သားမှာ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ပေါင်သားတစ်ပိဿာလျှင် ၁၇၀၀၀ကျပ်၊ အသားသီးသန့်တစ်ပိဿာလျှင် ၁၉၀၀၀ကျပ်ဖြစ်၍ ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

    ငါးကြင်းအကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ အသားသီးသန့်တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ငါးကြင်းဖြူအကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ အမြီးလွတ်၊ ခေါင်းလွတ်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

    ငါးရံ့အကောင်သေးတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ အကောင်လတ်တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်နှင့် အကောင်ကြီးတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

   ငါးခူမှာ ယခင်အပတ်တွင် အကောင်ကြီးတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ အကောင်လတ်တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်နှင့် အကောင်ကြီးတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် အကောင်သေးတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ အကောင်လတ်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်နှင့် အကောင်ကြီးတစ်ပိဿာလျှင် ၂၂၀၀၀ကျပ်ဖြစ်၍ ဈေးနှုန်းအနည်းငယ်တက်ခဲ့ပါသည်။

 ပုစွန်ဆိတ်မှာ တစ်ပိဿာလျှင် ၈၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ယခင်အပတ်တွင် ပုစွန်အသေးမှာ တစ်ပိဿာလျှင် ၂၈၀၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၃၂၀၀၀ကျပ်နှင့် အကြီးတစ်ပိဿာလျှင် ၃၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် အသေးတစ်ပိဿာလျှင် ၂၄၀၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၂၆၀၀၀ကျပ်နှင့် အကြီးတစ်ပိဿာလျှင် ၃၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းနေးကြောင်း သိရပါသည်။

DOCA(ပဲခူး)