တောင်ငူခရိုင်၊ ဖြူးမြို့တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၀၅၀၀၀ကျပ်၊ ဧည့်မထ (မိုး) တစ်အိတ်လျှင် ၇၂၀၀၀ကျပ်၊ ဧည့်မထ (နွေ) တစ်အိတ်လျှင် ၆၀၀၀၀ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။
မြေပဲဆီမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၅၅၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်လာခဲ့ပြီး စားအုန်းဆီမှာ တစ်ပိဿာလျှင် ၆၅၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။
ကြက်သွန်နီမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် အသေး ၂၅၀၀ကျပ်၊ အလတ် ၂၇၀၀ကျပ်နှင့် အကြီး ၃၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၂၄၀၀ကျပ်၊ အလတ် ၂၆၀၀ကျပ်နှင့် အကြီး ၂၇၀၀ကျပ်တို့ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။
ကြက်သွန်ဖြူမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် အသေး ၅၅၀၀ကျပ်၊ အလတ် ၆၀၀၀ကျပ်နှင့် အကြီး ၆၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၅၀၀၀ကျပ်၊ အလတ် ၅၅၀၀ကျပ်နှင့် အကြီး ၆၀၀၀ကျပ်တို့ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။
ငရုတ်ခြောက်အရှည်မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ချင်းမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၈၀၀၀ကျပ်မှ ယခုအပတ်တွင် ၁၁၀၀၀ကျပ်ဖြစ်၍ ဈေးနှုန်းအနည်းငယ်တက်လာခဲ့ပြီး အာလူးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၂၈၀၀ကျပ်ထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၄၀၀ကျပ်ဖြစ်၍ ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။
ကုလားပဲခြမ်းမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၅၈၀၀ကျပ်၊ ကုလားပဲလုံးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၄၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၅၂၀၀ကျပ်၊ မြေပဲဆံ (အဖြူ) မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၇၅၀၀ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၈၀၀ကျပ်၊ မြေပဲဆံ (အနီ) မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၈၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၈၀၀ကျပ်ဖြစ်၍ ဈေးနှုန်းတက်လာခဲ့ကြောင်း သိရပါသည်။
DOCA(ပဲခူး)