Main menu

မကွေးမြို့၌ ဆီးဆံများစျေးကောင်းရ၍ ဆီးခွဲစက်များ အဆင်ပြေလျက်ရှိ

Powered by Drupal

   မြန်မာနိုင်ငံအလယ်ပိုင်းရှိ မကွေးတိုင်းဒေသကြီးတွင် ဆီးပင်များမှာ သဘာဝအလျောက် အလေ့ကျပေါက်ရောက်လျက်ရှိပြီး တောင်သူဦးကြီးများကလည်း ဆီးပင်အား လယ်ယာခြံစည်းရိုးနယ်နိမိတ်အဖြစ် စိုက်ပျိုးထားရာမှ နှစ်စဉ် ဝင်ငွေများရရှိနေကြောင်း‌ လေ့လာသိရှိရပါသည်။

    မကွေးခရိုင်အတွင်းရှိ မကွေး၊ တောင်တွင်း၊ နတ်မောက်၊ မြို့သစ်နှင့် ချောက်မြို့နယ်များတွင် ဆီးခွဲစက်ပေါင်း (၇၅) ခုရှိပြီး ဆီးသီးအစို/အခြောက်များကို ဇန်နဝါရီလမှ မတ်လအထိဝယ်ယူရရှိကြောင်း၊ ဆီးသီးအစို (၂၀) ပြည်အား (၁၂) ရက်အကြာနေလှမ်းပါက ဆီးသီးအ‌ခြောက် (၁၆) ပြည်ပြန်လည်ရရှိကြောင်း၊ ဆီးသီးခြောက် (၁၆) ပြည်အား ကြိတ်ခွဲပါက ဆီးဆံ (၂၀.၂၅) ကျပ်သားခန့်ရရှိကြောင်း၊ ၂၀၂၂ခုနှစ်တွင် ဆီးသီးအစို (၁) တင်းလျှင် ကျပ် (၇၀၀၀)၊ ဆီးသီးအ‌ခြောက် (၁) တင်းလျှင် ကျပ် (၁၀၀၀၀) ဖြင့်ဝယ်ယူရပြီး ဆီးဆံ (၁) ပိဿာလျှင် ကျပ် (၄၀၀၀၀)၊ ဆီးခွဲခြမ်း (၁) တင်းလျှင် ကျပ် (၃၀၀) ဖြင့်ပြန်လည်ရောင်းချရကြောင်း၊ ၂၀၂၃ခုနှစ်တွင် ဆီးသီးအစို (၁) တင်းလျှင် ကျပ် (၁၄၀၀၀)၊ ဆီးသီးအခြောက် (၁) တင်းလျှင် ကျပ် (၁၇၀၀၀) ဖြင့်ဝယ်ယူရပြီး ဆီးဆံ (၁) ပိဿာလျှင် ကျပ် (၇၄၀၀၀-၇၅၀၀၀)၊ ဆီးခွဲခြမ်း (၁) တင်းလျှင် ကျပ် (၇၀၀) ဖြင့်ရောင်းချရသဖြင့် ယခင် (၃/၄) နှစ်အတွင်းတွင် ဆီးဆံစျေးပျက်၍ စျေးကောင်းမရရှိခဲ့သော်လည်း (၂၀၂၁-၂၀၂၂) ခုနှစ်နှင့် (၂၀၂၂-၂၀၂၃) ခုနှစ်များတွင် ဆီးသီးအစို စတင်ဝင်ရောက်ချိန်မှစတင်၍ တောင်သူများနှင့်လက်လုပ်လက်စားများပါ ဝင်ငွေကောင်းခဲ့ပါကြောင်းနှင့် ဆီးခွဲစက်ပိုင်ရှင်များအနေဖြင့်လည်း ကုန်ချောဆီးဆံနှင့် ကုန်ကြမ်းဆီးဖက်၊ ဆီးခွဲခြမ်းများပါ စျေးကောင်းရရှိ၍ အရောင်းအဝယ် ကောင်း၍အဆင်ပြေလျက်ရှိကြောင်း သိရှိခဲ့ရပါသည်။

DOCA(မကွေး)