Main menu

ပခုက္ကူကုန်စည်ဒိုင်၏ မတ်လ(ပထမပတ်)တွင်ဖြစ်ပေါ်နေသော ပဲယင်းနီ/ဝါသီးနှံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်တွင် မတ်လ(ပထမပတ်)၌  ပခုက္ကူဒေသမှထွက်ရှိသော ပဲယင်းနီများသာမက မြစ်ခြေမြို့နယ်နှင့် ရေစကြိုမြို့နယ်ရှိ ကျွန်းများမှထွက်ရှိသော ပဲယင်းနီများနှင့် ဂန့်ဂေါခရိုင်အတွင်းမှထွက်ရှိသော ပဲယင်းနီ/ဝါအမျိုးမျိုးတို့မှာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲယင်းနီများမှာ ပဲယင်းနီ(ယော)၊ ပဲယင်းနီ (ကျွန်း)၊  ပဲယင်း(ဝါ))၊ ပဲယင်းနီ(မြစ်ခြေ)တို့ဖြစ်ပါသည်။

      ၂၀၂၄ခုနှစ်၊ မတ်လ(ပထမပတ်)၌ ပခုက္ကူကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ပဲယင်းနီဈေးနှုန်းများမှာ ပဲယင်းနီ(ကျွန်း)တစ်တင်းလျှင် ကျပ်(၆၆၀၀၀- ၆၇၀၀၀- ၆၈၀၀၀)၊ ပဲယင်းနီ(ယော)တစ်တင်းလျှင် ကျပ်(၆၇၀၀၀)၊ ပဲယင်း(ဝါ) တစ်တင်းလျှင် ကျပ်(၄၈၀၀၀)၊ ပဲယင်းနီ(မြစ်ခြေ)တစ်တင်းလျှင် ကျပ်(၅၀၀၀၀-၅၀၄၀၀-၅၁၄၀၀)ဖြစ်ပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်နေသည့်အိတ်ရေမှာ (၅၀)အိတ်မှ (၂၀၀)အိတ်ထိအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပခုက္ကူကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)