Main menu

မိတ္ထီလာမြို့ တိရိစ္ဆာန်အစာဈေးနှုန်း၊ ဈေကွက်အခြေအနေ

Powered by Drupal

              မိတ္ထီလာမြို့နယ်၌ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် သီးနှံမျိုးစုံစိုက်ပျိုးကြသည့်အပြင် တစ်နိုင်တပိုင် မွေးမြူရေးလုပ်ငန်းများလည်းလုပ်ကိုင်ကြပါသည်။ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်များမှ ထုတ်လုပ်သည့်ပစ္စည်းများကို ဒေသတွင်းမွေးမြူသည့် နွား၊ ဆိတ်၊ ကြက်၊ ဝက် အစရှိသည့် မွေးမြူရေးလုပ်ငန်းများ၌ တိရိစ္ဆာန်အစာအဖြစ်အသုံးပြုကြပါသည်။

            ယခုဇွန်လအတွင်း ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထုတ်ကုန်များမှ ထုတ်လုပ်သည့် တိရိစ္ဆာန်အစာဈေးနှုန်းများမှာ ပဲဖတ်အခွံပါ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ပဲဖတ်အသန့် တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ဝါဖတ်အပွဖတ် တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ ဝါဖတ်အကျစ်ဖတ် တစ်ပိဿာလျှင် (၃၃၀၀)ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ ပဲခွံ တစ်ပိဿာလျှင် (၁၉၅၀) ကျပ်၊ ဆန်ဖွဲနု(ရှယ်) (၁၈)ပိဿာတစ်အိတ်လျှင် (၃၂၀၀၀)ကျပ်၊ ဆန်ဖွဲနု (၁၈)ပိဿာတစ်အိတ်လျှင် (၂၁၀၀၀)ကျပ်၊ ဆန်ဖွဲနုကြမ်း (၁၈)ပိဿာတစ်အိတ်လျှင် (၉၀၀၀)ကျပ်၊ ဆန်ကွဲ (၂၇)ပိဿာ တစ်အိတ် လျှင် (၄၅၅၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  DEHEUS ကုမ္ပဏီမှ ကြက်ကလေးစာ 6010 (၅၀)kg တစ်အိတ်လျှင် (၁၃၃၃၀၀)ကျပ်၊ ကြက်ကြီးစာ 6020 (၅၀)kg တစ်အိတ်လျှင် (၁၂၇၆၀၀)ကျပ်၊ ဝက်ကြီးစာ (၂၅)kg တစ်အိတ်လျှင် 3855 (၅၄၆၀၀)ကျပ်၊ ဝက်ကြီးငယ်3825 (၂၅)kg တစ်အိတ်လျှင် (၈၄၁၀၀)ကျပ်၊ SUNIG ကုမ္ပဏီမှ ကြက်ကလေးစာ SJ 910  (၅၀)kg တစ်အိတ်လျှင် (၁၂၈၈၀၀)ကျပ်၊ ကြက်ကလေးစာ SJ 912 (၅၀)kg တစ်အိတ်လျှင် (၁၁၈၈၀၀)ကျပ်၊ ဝက်ကြီးစာ SJ 953 (၂၅)kg တစ်အိတ်လျှင် (၅၄၆၀၀)ကျပ်၊ ဝက်ကြီးငယ် SJ950  (၂၅)kg တစ်အိတ်လျှင် (၇၆၁၀၀)ကျပ်ဖြင့် ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း သိရှိရပါသည်။

ဈေးကွက်အနေဖြင့် ပဲဖတ်၊ နှမ်းဖတ်၊ ဝါကြိတ်ဖတ်၊ ဆန်ကွဲ၊ ဆန်ဖွဲနု၊ ဆန်ဖွဲနုကြမ်းများကို ဒေသတွင်းမွေးမြူရေးလုပ်ငန်းများအပြင် ရမည်းသင်း၊ ပျော်ဘွယ်၊ တောင်သာ၊ ကျောက်ပတောင်း၊ အောင်ပန်း၊ လွိုင်ကော်မြို့များသို့တင်ပို့ရောင်းချကြကြောင်း၊ တိရိစ္ဆာန်အစာရောင်းဝယ်ရေးလုပ်ငန်းများမှ သိရှိရပါသည်။

DOCA(မန္တလေး)