Main menu

သခွားသီးဈေးနှုန်း

Powered by Drupal

    သခွားပင်သည် ဘူးပင်၊ ဖရုံပင်ကဲ့သို့ နွယ်ပင်အမျိုးအစားဖြစ်ပါသည်။ သခွားသီးသည် ရာသီ မရွေးစိုက်ပျိုးနိုင်သော အပင်ဖြစ်သောကြောင့် အချိန်အခါမရွေး စားသုံးလို့ရသော သီးနှံဖြစ်ပါသည်။ သခွားသီးသည် ရင်ကိုအေးမြစေပြီး ကျန်းမာရေးနှင့်လည်း ညီညွတ်သော ကြောင့် စားသုံးပေးသင့် သော အသီးဖြစ်ပါသည်။ သခွားသီးကို အတို့အမြှပ်ဖြင့်လည်းကောင်း၊ သံပုရာသီးနှင့် သခွားချဉ်ပြု လုပ်၍လည်းကောင်း၊ အကင်ဆိုင်များတွင်လည်းကောင်း ၊ ဝက်သား ဒုတ်ထိုးဆိုင်များ တွင်လည်းကောင်း လူကြိုက်များသော သီးနှံဖြစ်ကြောင်း သိရသည်။ သခွားသီးသည် အစိမ်းသီးနှင့်အဖြူသီး (၂) မျိုး ရှိပါသည်။ သခွားသီးအဖြူသည် မြေယာကောင်းမွန်လျှင် သန်သန် ထွားထွားရှည် ရှည်ကြီးများ ဖြစ်ပြီး၊ အစိမ်းသီးသည် ပုပုတိုတိုဝိုင်းဝိုင်းပုံသဏ္ဍာန်ဖြစ်ပါသည်။ မြင်းခြံမြို့ အေးမြသီတာဈေးတွင် မတ်၊ ဧပြီလတွင်လှိုင်လှိုင်ပေါ်ပြီး သခွားသီးအဖြူ အကြီးတစ်လုံးလျှင် (၁၀၀၀)ကျပ်၊အလတ်တစ်လုံး လျှင်(၈၀၀)ကျပ်နှင့် အသေးတစ်လုံးလျှင် (၅၀၀)ကျပ်ဈေးရှိခဲ့ကြောင်း၊ ယခုအခါ ဇွန်လဆန်းတွင်  သခွားသီးအဖြူအကြီးတစ်လုံး (၁၅၀၀)ကျပ်၊ အလတ်တစ်လုံး (၁၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၅၀၀/၈၀၀)ကျပ်ဖြစ်ပြီး အစိမ်း သီးတစ်လုံးလျှင် (၅၀၀/၈၀၀)ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ် လျှက်ရှိကြောင်း ဟင်းသီးဟင်းရွက်နှင့်အသီးနှံအရောင်းဆိုင်များမှ သိရှိရသည်။

DOCA(မန္တလေး)