Main menu

ဝမ်းတွင်းမြို့နယ်ရှိ စပါးဈေးနှုန်း

Powered by Drupal

   မိတ္ထီလာခရိုင်အတွင်း စပါးအများဆုံး စိုက်ပျိုးသော ဝမ်းတွင်းမြို့နယ်တွင် ဇွန်လတတိယပတ်၌ စပါးဈေးငြိမ်နေကြောင်း သိရသည်။ ဈေးကွက်အတွင်းရောင်းဝယ်နေသော လက်ရှိစပါးမှာပြီးခဲ့သည့် မိုးစပါးရာသီထက်စပါးများဖြစ်ရာ စတင်ထွက်ရှိချိန်က စပါးတင်း (၁၀၀) လျှင် မနောသုခမှာ (၂၂) သိန်း၊ ပဒေသာမှာ (၃၀) သိန်းရှိခဲ့ပါသည်။ လက်ရှိအချိန်တွင်လည်း အရောင်းအဝယ်အေးသည့်အတွက် ၎င်းဈေးများနှင့် ဈေးငြိမ်နေပြီး ဆန်ဈေးမှာ မနောသုခ တစ်တင်းခွဲအိတ်တစ်အိတ်လျှင် (၈၀၀၀၀- ၈၅၀၀၀) ကျပ်၊ ပဒေသာတစ်အိတ် (၁၁၅၀၀၀) ကျပ် ဈေးရှိကြောင်း ဈေးကွက်မှသိရသည်။

    မိတ္ထီလာခရိုင်အတွင်း နှစ်စဉ် မိုးစပါးကိုသာ အားထားစိုက်ပျိုးကာ ဝမ်းတွင်းမြို့နယ်၌ မိုးစပါး အပြင် ယခုနှစ် (၂၀၂၅-၂၀၂၆) ခုနှစ် စိုက်ပျိုးရာသီ၌ နွေစပါး (၃၂၉၉) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရသည်။ နွေစပါးကို ဆည်ရေ၊ ကန်ရေရရှိတဲ့ကျေးရွာများမှာ စိုက်ပျိုးကာ သက်နုစပါးများကိုသာ စိုက်ပျိုးမှုများပါသည်။ သက်နုစပါးများတွင် ရက် (၉၀) ၊ ရွှေသွယ် ရင်စတဲ့စပါးများအပြင် မနောသုခမျိုးများအနက် ရက်(၁၂၀/၁၂၅) သက်တမ်းရှိ ဆင်းသုခမျိုးများမှာ ရာသီဥတုဒဏ်ခံသည့်အတွက် စိုက်ပျိုးမှုများကြောင်းသိရသည်။

DOCA(မန္တလေး)