မိတ္ထီလာ ဈေးကွက်တွင် ဇွန်လ တတိယပတ်တွင် ဓါတ်မြေဩဇာ နှင့် ပိုးသတ်ဆေးဈေးနှုန်း ဈေးကွက်အနေဖြင့် အရောင်းအဝယ်အေးလျှက်ရှိကြောင်း ယခုအချိန်တွင်သာစည်မြို့နယ် (အလယ်ကန် ၊ သုံးပတ်လည် ၊ မြောင်းဦး)ကျေးရွာ ဘက်တွင် စိုက်ပျိုးသော ပဲတီစိမ်းသီးနှံနှင့် မိတ္ထီလာ အနောက်လက်(ရွာတန်းရှည် ၊ဂွေ့အိုင်)ကျေးရွာ နှင့် မိတ္ထီလာမြောက်လက် (လဲတော ၊ ကွမ်းခြံ ကျေးရွာ) ဘက် များ တွင်စိုက်ပျိုးသော မြေပဲ ၊ နှမ်း ၊ ဝါသီးနှံ များအတွက် ပိုးသတ်ဆေး ၊ မှိုသတ်ဆေး ၊ အပင် အားဆေးများ အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်းသိရပါသည်။
ဓါတ်မြေဩဇာဈေးနှုန်းအနေဖြင့်ယူရီးယား ဖြိုးမောက်တစ်အိတ်လျှင် ၁၀၀၀၀၀/ကျပ် ၊ (တရုတ်)ယူရီးယားရွှေတောင် တစ်အိတ် လျှင် ၁၁၀၀၀၀/မှ ၁၀၅၀၀၀/ကျပ်၊ အာမို(၁၅း၁၅း၁၅)တစ် အိတ်လျှင် ၁၈၀၀၀၀/ကျပ် ၊ (ထိုင်း)အာမို (၁၀း၁၀း၁၀)တစ်အိတ်လျှင် ၁၀၀၀၀၀/ကျပ် ၊ (ထိုင်း)အာမို (၁၆း၁၆း၁၆)တစ်အိတ်လျှင်၁၇၄၀၀၀/ကျပ် ၊ (တရုတ်)တီစူပါ ၄၆% 50kg ပါတစ်အိတ်လျှင်၁၀၀၀၀၀/ ကျပ် ၊ ကွန်ပေါင်း(၁၀း၁၀း၅)တစ်အိတ်လျှင်၉၀၀၀၀/ကျပ် ၊ ကွန်ပေါင်း(၁၃း၅း၇)တစ်အိတ်လျှင် ၈၇၀၀၀/ကျပ်၊ ကွန်ပေါင်း(တက်တိုး)(၁၅း၇း၈)တစ်အိတ်လျှင်၉၃၀၀၀/ကျပ် ဖြစ်၍ ဓါတ်မြေဩဇာဈေး မှာယခင်လနှင့်နှိုင်းယှဉ်လျှင်ငြိမ်နေကြောင်း ၊ ပိုးသတ်ဆေးအမျိုးအစား များဖြစ်သည့်ဆိုဒ်ဘာအုပ်စု (ရှောင်လင်)၁လီတာ ၃၂၀၀၀/ကျပ် ၊ 500cc ၁၉၀၀၀/ကျပ် ၊250cc ၁၁၂၀၀/ ကျပ် ၊ 100cc ၅၆၀၀/ ကျပ် ၊ အင်မီဂါအုပ်စု(အင်ဖာလို) 100g ၁၀၅၀၀/ကျပ် ၊ အဘာမတင် အုပ်စု(ဟမ်းမား) 500cc ၂၁၇၀၀/ကျပ် ၊ 100cc ၅၂၀၀/ကျပ် ၊ (အဆီဖိတ်) 500g ၂၉၀၀၀/ကျပ် ၊ 250g ၁၅၇၀၀/ကျပ် ၊ 100g ၆၆၀၀/ကျပ် ဈေးရှိကြောင်းဈေးကွက်မှသိရပါသည်။
DOCA(မန္တလေး)