
နာနတ်ပင်ကို စားသုံးပင်အနေဖြင့် စိုက်ပျိုးပြီး နှစ်ရှည်ခံ အပင်ပျော့မျိုးဖြစ်သည့်အတွက် အရွက်မှာ ရှည်လျားပြီး ရွက်ထိပ်မှာ ဆူးချွန်ပုံစံရှိပါသည်။ နာနတ်သီးမှာ အစိမ်းရောင်ရှိပြီး မှည့်ပါက လိမ္မော်ရောင်သို့ ပြောင်းသွားပါသည်။ နာနတ်သီးမှာ အင်ဇိုင်းအပြင် ဗီတာမင်စီ၊ ဗီတာမင်အေနှင့် အင်တီအောက်ဆီးဒင့်တွေ ကြွယ်ဝစွာပါဝင်၍ ကိုယ်ခံအားကို ကောင်းစေပြီး မျက်စိအမြင် အာရုံကိုလည်း အထောက်အကူပြုကာ အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှု မဖြစ်အောင်လည်း ကာကွယ်ပေး ပါသည်။
ပုသိမ်မြို့ပေါ်ရှိ အောင်ဧရာဈေး၊ မြို့သစ်ဈေး၊ မြို့မဈေးအတွင်းနှင့် ဈေးအနီးရှိ သစ်သီးမျိုးစုံ ရောင်းချသော ပွဲရုံများနှင့် သစ်သီးဆိုင်များတွင် ရှမ်းပြည်နယ်နှင့် မန္တလေးပွဲရုံများမှ မှာယူရောင်းချလျက်ရှိပါသည်။ နာနတ်သီးဈေးများမှာ အကြီးတစ်လုံးလျှင် (၂၅၀၀)ကျပ်၊ အလတ် တစ်လုံးလျှင် (၂၀၀၀)ကျပ်နှင့် အသေး တစ်လုံးလျှင် (၁၅၀၀)ကျပ်တို့ဖြင့် ပုံမှန်ရောင်းဝယ် လျက်ရှိပါသည်။ ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်ဘက်မှ ရောက်လာသော နာနတ်သီးများကို လက်လီ ရောင်းချသော သစ်သီးဆိုင်များ၊ တွန်းလှည်းဖြင့် လှည့်လည်ရောင်းချသော ဈေးသည်များ၊ ကျောင်းမုန့်ဈေးတန်းများ သစ်သီးဖျော်ရည် ဆိုင်များအား ရောင်းချလျက်ရှိကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)