
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်သည် ပင်လယ်ဝန်းရံလျက်ရှိပြီး ရေလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းပြုလုပ်ကြပြီး ငါးဖမ်းလှေများမှ ရရှိလာသည့် ပုဇွန်များကို ကော့သောင်းမြို့စည်ပင်သာယာစျေးများတွင် ပြန်လည်ရောင်းချလျက်ရှိပါသည်။
ပုဇွန်များမှာ အရွယ်အစား အပေါ်မူတည်၍ စျေးနှုန်း ကွဲပြားလျက် ရှိရာ ၂၀၂၅ ခုနှစ် ဇွန်လ တတိယအပတ်အတွင်း ရေငန်ပုဇွန်အသေး တစ်ပိဿာ(၁၅၀၀၀- ၂၀၀၀၀)ကျပ်၊ အလတ်စား တစ်ပိဿာလျှင် (၃၀၀၀၀- ၃၅၀၀၀)ကျပ်၊ အကြီး တစ်ပိဿာလျှင် (၅၅၀၀၀-၆၀၀၀၀)ကျပ် စျေး နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ပုဇွန်ရောင်းချသူထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)