
စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနမှ ဌာနမှူး၊ ဦးသန့်စင်နှင့် မြန်မာ့ကုန်ပစ္စည်း စစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်း လီမီတက် (MITS)မှ လက်ထောက်မန်နေဂျာ ဦးကျော်ဇင်တို့သည် ဩဂုတ်လ ၉ ရက်နေ့က တောင်ငူခရိုင် ဖြူးမြို့ရှိ Good Brother ဆန်စက်သို့ လည်းကောင်း၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် ရေတာရှည်မြို့ရှိ မဟာဆန်စက်သို့လည်းကောင်း စစ်ဆေးကြည့်ရှုရာ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင် ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်နှင့် ဆန်ထွက်ပစ္စည်းများတင်ပို့သည့် ကုမ္ပဏီများသည် အဆင့်မီဆန်စက်ကြီးများနှင့် စာချုပ်ချုပ်ဆို၍ ဆန်နှင့်ဆန်ထွက်ပစ္စည်းများနိုင်ရေးအတွက် The General Administration of Customs of the People’s Republic of China (GACC) မှတ်ပုံတင်လက်မှတ် လျှောက်ထားရာ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေး နှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနနှင့် မြန်မာ့ကုန်ပစ္စည်း စစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်း လီမီတက် (MITS)တို့ ပူးပေါင်း၍ Sanitary and Phytosanitary Protocol - SPS Protocol ပါ သတ်မှတ် ချက်များနှင့် ကိုက်ညီမှုရှိ/မရှိကို စစ်ဆေးခြင်း ဖြစ်ပါသည်။
စစ်ဆေးရေးအဖွဲ့သည် Sanitary and Phytosanitary Protocol - SPS Protocol ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိစစ်ဆေးရာတွင် ကုန်ကြမ်းနှင့်ကုန်ချောသိုလှောင်ရုံများကို စစ်ဆေးခြင်း၊ စက်ရုံအတွင်း ကုန်ကြမ်းနှင့်ကုန်ချောထားရှိမှုများကို စစ်ဆေးခြင်း၊ လုပ်သားများ ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးခြင်းများဆောင်ရွက်ရာ ကုမ္ပဏီများမှ တာဝန်ရှိသူ များနှင့် ဆန်စက်ပိုင်ရှင်များက ရှင်းလင်းတင်ပြပါသည်။ စစ်ဆေးတွေ့ရှိချက်အပေါ် အခြေခံ၍ (GACC) မှတ်ပုံတင် လက်မှတ်ထုတ်ပေးနိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါသည်။
DOCA(ပဲခူး)