
ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည်ကုန်စည်နှင့်ဝန်ဆောင်မှုများဘေးအန္တရာယ် ကင်းရှင်းစေရေး ၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် သြဂုတ်လ(၁၂) ရက် နေ့တွင် မြစ်သားမြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြစ်သားမြို့နယ်၊ကူမဲမြို့ရှိ T-Link FTTH Kume အင်တာနက် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအားသွားရောက်ပြီးစျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ စစ်ဆေးရာတွင်ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဇော်မင်းလတ် (ဒု-ခရိုင်ဦးစီးမှူး)က ရှင်းလင်း ပြောကြားရာတွင် နည်းပညာခေတ်တွင် အင်တာနက်သည် ပညာရေး၊စီးပွားရေးနှင့်ဆက်သွယ်ရေးကဏ္ဍအားလုံအတွက် အရေးကြီးဆုံးသော အင်တာနက် ဝန်ဆောင်မှုတစ်ရပ်အနေဖြင့် ပါဝင်ပါကြောင်း၊စားသုံးသူများ ၏နေ့စဉ်လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေး ၊ အင်တာနက်လိုင်းများ မကြာခဏ ပြတ်တောက်ခြင်းများ ၊ အင်တာနတ်သုံးစွဲမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကုမ္ပဏီများသို့ သုံးစွဲသူ ပြည်သူများမှ အကြိမ်ကြိမ်ဆက်သွယ်ပြောဆိုခဲ့သော်လည်း စားသုံးသူများ စိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက် ပေးနိုင်မှုမရှိခြင်းကိစ္စရပ်များ မဖြစ်ပေါ်စေရန်လိုအပ်ကြောင်း ၊ ဆက်သွယ်ရေးကုမ္ပဏီ များက ပေးအပ်သည့် အင်တာနက်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ လိုအပ်သောသတင်းအချက် အလက်များပြည့်စုံမှန်ကန်စွာနှင့် ရှင်းလင်းကြိုတင်အသိပေးဆောင်ရွက်သွားရန်နှင့် ဝန်ဆောင်မှုကို ကြော်ငြာရာတွင် ဝန်ဆောင်မှုစည်းမျဉ်းစည်းကမ်း(Terms and Conditions)များအား အင်္ဂလိပ် ၊ မြန်မာနှစ်ဘာသာဖြင့် ဖော်ပြထားရှိရန် ၊ ဝန်ဆောင်မှုများအပေါ် စားသုံးသူများမှ စိတ်ကျေနပ်မှု မရှိပါက အော်ပရေတာများ၏ Call Center သို့ အလွယ်တကူခေါ်ဆို၍ Complain ပြုလုပ်နိုင်စေရေး စီစဉ်ထားရှိရန် စသည့်အချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)