
ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ကျောက်ဆည်မြို့နယ်၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ သြဂုတ်လ (၁၂) ရက်နေ့တွင် ကျောက်ဆည်မြို့ ၊ဆည်ထိပ်ထန်းတောရပ်ရှိ Major 7 သောက်ရေသန့် နှင့် ထွန်းသောက် ရေသန့် ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စားသုံးသူ ရေးရာဦးစီးဌာန ၊ စစ်ဆေးရေးအရာရှိကပြောကြားရာတွင် လုပ်ငန်းရှင်များအနေဖြင့် ရေသန့်များ ထုတ်လုပ်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းပြီးလိုက်နာဆောင်ရွက်ရမည့်အချက်များ နှင့် စားသုံးသူကာကွယ်ရေးကောက်မရှင်မှ ထုတ်ပြန် ထားသော(၂/၂၀၂၉)ပါကုန်စည်အမျိုးအစားအလိုက်ဖော်ပြရမည့်ညွှန်ကြားချက်များကိုပြည့်စုံမှန်ကန်စွာဖော်ပြလိုက်နာဆောင်ရွက်သွားရန်လိုကြောင်း ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှထုတ်ပြန်ထား သည့်လုပ်ငန်းလိုင်စင်၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ထုတ်ပြန်ထားသည့် လက်မှတ်များလိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)