Main menu

ကယားပြည်နယ် ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ( ၁၂ ) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်းရှိ ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တပြည်နယ်ဦးစီးမှူးမှ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ ဆီစက်လုပ်ငန်းရှင်များနှင့်ပတ်သက်၍ အသင်းအဖွဲ့ မရှိ သေးသဖြင့် ဆီစက်လုပ်ငန်းရှင်များအနေဖြင့် အသင်းအဖွဲ့ ဖွဲ့စည်းစေလိုပါကြောင်း လမ်းညွှန်မှု ပြုလာသဖြင့် ဆီစက်လုပ်ငန်းရှင်များနှင့် ခေါ်ယူတွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ဆီကြိတ်ခွဲ ထုတ်လုပ်မှုနှင့်ပတ်သက်၍ ကုန်ကြမ်းဝယ်ယူရရှိမှု အခြေအနေအားလည်းကောင်း၊ ဈေးနှုန်း ဈေးကွက်နှင့် ဖြန့်ဖြူးရောင်းချမှုအခြေအနေအားလည်းကောင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာကြ သော ဆီစက်လုပ်ငန်းရှင်များမှ ယခုလက်ရှိ ဆီစက်လုပ်ငန်းရှင်များပြန်လည်ဝင် ရောက်လည်ပတ်မှု နည်းပါးသဖြင့် လည်ပတ်နေသော ဆီစက်လုပ်ငန်းရှင်များဖြင့် အသင်းအဖွဲ့ ဖွဲ့စည်းနိုင်ရေး ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ဆီကြိတ်ခွဲထုတ်လုပ်မှုနှင့်ပတ်သက်၍ ကုန်ကြမ်းများကို လွိုင်ကော်မြို့ နယ်၊လောပိတနှင့်သတ္တဗလူကျေးရွာများတွင်အများဆုံးဝယ်ယူကြိတ်ခွဲလျက်ရှိပါကြောင်း၊ ဈေးနှုန်း ဈေးကွက်များအနေဖြင့် မြေပဲဆီတစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်နှုန်းဖြင့် လွိုင်ကော်မြို့ နယ်တွင်သာ ဖြန့်ဖြူးရောင်းချလျက်ရှိပါကြောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲအား နံနက်‌(၁၁:၃၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကယား)