Main menu

ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူရေးရာအသိပညာပေး Talk Show အစီအစဉ်ဆောင်ရွက်

Powered by Drupal

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၁၁)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေးသည်၊ လေးမျက်နှာမြို့၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန( Community Center )ခန်းမ၌ စားသုံး သူများ အခွင့်အရေးအပြည့်အဝရရှိစေရန်နှင့် ကုန်စည်အမျိုးအစားများ၌ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာဖော်ပြချက်များပြည့်စုံကိုက်ညီစွာထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ စားသုံးသူရေးရာအသိပညာ ပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          အဆိုပါအစီအစဉ်တွင် လေးမျက်နှာမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေးက ကုန်အညွှန်းအမှတ်အသားဆိုသည်မှာ ကုန်စည်(သို့)ကုန်စည်ထုပ်ပိုးမှု အပြင် အဆင်ပေါ်တွင် စာဖြင့်ရေးသား၍ဖြစ်စေ၊ ပုံနှိပ်၍ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ၊ အခြားနည်း တစ်ရပ်ရပ် ဖြင့်ဖြစ်စေ ဖော်ပြထားသည့် ကုန်စည်နှင့်သက်ဆိုင်သည့်အချက်အလက်(သို့)အမှတ်အသားကို ဆိုလို ခြင်းဖြစ်ကြောင်း၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကိုဖော်ပြစေခြင်းမှာ စားသုံးသူ များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ လိုအပ်သောသတင်းအချက်အလက်များသိရှိနိုင်ရန်၊ စားသုံးသူ များအသုံးပြုမည့် ကုန်စည်များအား သင့်တော်မှန်ကန်မှုရှိစေရန်နှင့် လုံခြုံစိတ်ချရမှုရှိစေရန်၊ အမျိုး အစားတူကုန်စည်များနှင့်ရွေးချယ်ဝယ်ယူနိုင်စေရန်ရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊ကုန်စည်အမျိုးအစား တစ်ခုချင်းစီ၌ စားသုံးသူကာကွယ်ရေးဥပဒေ၊အခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက် များအား ကိုက်ညီပြည့်စုံစွာ ဖော်ပြရမည်ဖြစ်ကြောင်း၊ မြန်မာစာဖြင့် ဖော်ပြရမည့်အချက်များအား လည်း မဖြစ်မနေဖော်ပြရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဆိုင်ရာ ဖော်ပြချက်(၈)ချက်အား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)