Main menu

မအူပင်မြို့နယ်အတွင်း ရောင်းချနေသော သနပ်ခါး အမည်ခံ အလှကုန်ပစ္စည်းများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     မအူပင်မြို့နယ်မြို့အတွင်းရှိ စားသုံးသူပြည်သူများ သုံးစွဲရန်မသင့်သည့် လူသုံးကုန်ပစ္စည်းများရောင်ချမှုမရှိစေရေးအတွက် (၁၂-၈-၂၀၂၅)ရက်နေ့ မွန်းလွဲ ၂ နာရီက မအူပင်မြို့ပေါ်ရှိ အလှကုန်ဆိုင်(၆)ဆိုင်အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ လိုက်လံစစ်ဆေးရာတွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ဆေးရေးအရာရှိ ဒေါ်သဇင်ဦး ၊ တိုင်းရင်းဆေး၊ စည်ပင်သာယာရေးအဖွဲ့များလိုက်ပါလျက် မအူပင်မြို့ ၃လမ်းတွင် ရောင်းချလျက်ရှိသည့်  လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များတွင် သတ်မှတ်ထားသည့် ကုန်အညွှန်း အမှတ် အသားများ မဖော်ပြသည့်ကုန်ပစ္စည်းများရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊  ကုန်အညွှန်း အမှတ်အသားများ ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏ အမှတ်တံဆိပ်၊ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းများ၊ အစရှိသည့်အသေးစိတ် အချက်အလက်များကို ဖော်ပြထားခြင်းရှိ/မရှိ၊ အမှတ်တံဆိပ်သနပ်ခါး အမျိုးမျိုးတွင် FDA ညွှန်ကြားချက်အတိုင်း လိုက်နာမှု ရှိ/မရှိ သက်တမ်းလွန် သနပ်ခါးဗူးများရောင်းချမှု ရှိ/မရှိ နှင့် သနပ်ခါးအမည်ခံ အလှ ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မမရှိ လိုက်လံစစ်ဆေးပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)