Main menu

လွိုင်ကော်မြို့ပေါ်ရှိဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး(ဦးစီးအရာရှိ) ဦးဆောင်၍ ဝန်ထမ်း( ၂ )ဦးသည်၂၀၂၅ခုနှစ်၊  ဩဂုတ်လ( ၁၄ ) ရက်နေ့ နံနက်( ၁၀:၀၀ )နာရီအချိန်တွင် လွိုင်ကော် မြို့ပေါ်ရှိ အိမ်သုံးဆေးဝါးများရောင်းချနေသော ဆေးအရောင်းဆိုင်များ၌ မြန်မာနိုင်ငံစားသုံးသူကာ ကွယ်ရေးကော်မရှင်၏ ( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ မိတ်ဖက်ဌာနဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့် ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လွိုင်ကော်မြို့ပေါ်ရှိ ဆေးအရောင်းဆိုင်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ် ချက်များနှင့် ကိုက်ညီမှုရှိသော အိမ်သုံးဆေးဝါးများကိုသာ တင်သွင်းဖြန့်ဖြူးရောင်းချနေသည်ကို စစ် ဆေးတွေ့ရှိရပါသည်။

          ဆေးဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့်ဆေးဝါးများသာ တင်သွင်းရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်လိုင်စင်သက်တမ်းတိုးဆောင်ရွက်သွားရန်၊  စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေး ကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန်နှင့် တရားမဝင်ကုန်စည်များ ရောင်းချခြင်း၏ ဆိုးကျိုးများအားအသိပညာပေး ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)