Main menu

ဟင်္သာတမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအား MyRo မှတ်ပုံတင်ခြင်းနှင့် သိုလှောင်ရုံလုပ်ငန်းစဉ် တွင် လစဉ်စာရင်းရေးသွင်းခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်အဖွဲ့သည် (၁၃.၈.၂၀၂၅) ရက်နေ့ နံနက်(၀၉:၃၀)အချိန်တွင် ဟင်္သာတမြို့၊ ရဲဖြတ်လမ်းရှိ မြို့နယ်ဆန်စက်ပိုင်ရှင်များအသင်း ရုံး၌ ဆန်စက်လုပ်ငန်းရှင်(၃၀)ဦးအား MyRo မှတ်ပုံတင်ခြင်းနှင့် သိုလှောင်ရုံလုပ်ငန်းစဉ်တွင် လစဉ် စာရင်းရေးသွင်းခြင်းဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါး အွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့မှ စတင်၍ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ MyRo တွင် မှတ်ပုံတင်သွင်းနိုင်ရေး၊ သက်တမ်းတိုးခြင်းနှင့် စာရင်း လက်ကျန်ရေးသွင်းနိုင်ရေးရှင်းလင်းဆွေးနွေးခြင်း၊ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်မှ MyRo တွင် မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစဉ် အဆင့်ဆင့်အား Power Point ဖြင့် ရှင်းလင်းဆွေးနွေးခြင်း၊ ဆန်စပါးလက်ကျန်စာရင်း ဖြည့်သွင်နိုင်ရေး Short Video ဖြင့်ရှင်းလင်းခြင်း၊ MyRoတွင် မှတ်ပုံတင် ရန် ကျန်ရှိသည့် ဆန်စက်သိုလှောင်ရုံလုပ်ငန်းရှင်များလည်း အမြန်ဆုံး မှတ်ပုံတင်သွင်းနိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲကို ဆန်စက်လုပ်ငန်းရှင်(၃၀)ဦး တက်ရောက်ခဲ့ပြီး နံနက်(၁၁:၀၀)အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

 (DOCA ဧရာဝတီ)