Main menu

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဟင်္သာတမြို့၊ ဖောင်ဆိပ်ကျေးရွာ ကမ်းပါးပြိုကျမှုအားကြည့်ရှုစစ်ဆေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဟင်္သာတမြို့၊အိပ်ပျက်ကျေး ရွာအုပ်စုရှိ ကျေးရွာများကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊အမျိုးသားသဘာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ဆောင်ရွက်ပြီး Geotextile ကမ်းထိန်းတမံ အလျား ၅၀၀၀ ပေ အောက်ဘက်ရှိ ၂၀၂၅_၂၀၂၆ ဘဏ္ဍာနှစ်တွင်ယာယီကမ်းထိန်း ဆောင်ရွက်ထားသော RD-5000 မှ RD-5500 ကြားရှိ ပေ(၂၀ဝ)ခန့်သည် ယခုလ ၁၁ရက်နေ့မွန်းလွဲပိုင်း မြစ်ရေကျဆင်းချိန်တွင်  ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ အဆိုပါ ဖြစ်ပွားခဲ့ရာနေရာသို့ ယမန်နေ့ညနေပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ  သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

   ဉီးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ ဖောင်ဆိပ်ကျေးရွာ ၂၀၂၅_၂၀၂၆ ဘဏ္ဍာနှစ်တွင်ယာယီကမ်းထိန်း ဆောင်ရွက်ထားသော RD-5000 မှ RD-5500 ကြားရှိ ပေ(၂၀ဝ)ခန့် ပြိုကျမှုအား ကြည့်ရှုစစ်ဆေးရာ   ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိကျေးရွာများ မြစ်ရေတိုက်စားမှုမှ ကာကွယ်ရေးလုပ်ငန်း ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်တွင်  ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် ဆောင်ရွက်ပြီး Geotextile ကမ်းထိန်းတမံ အလျား ၅၀၀၀ ပေ အထက်ဘက်ရှိ အလျား ၁၆၀၀ပေနှင့် အောက်ဘက်ရှိ အလျား ၅၀၀ ပေ စုစုပေါင်း၂၁၀၀ ပေနှင့် သောင်တူးဖော်ခြင်းလုပ်ငန်း အလျား ၂၆၃၀မီတာအနက်၄မီတာဆောင်ရွက်မည့် အခြေအနေများ၊ ဆောင်ရွက်ပြီး Geotextile ကမ်းထိန်းတမံ အလျား ၅၀၀၀ ပေ  အောက်ဘက်ရှိ ၂၀၂၅ _၂၀၂၆ ဘဏ္ဍာနှစ်တွင်ယာယီကမ်းထိန်း ဆောင်ရွက်ထားသော RD-5000 မှ RD-5500 ကြားရှိ ပေ(၂၀ဝ)ခန့် ကမ်းပါးပြိုကျ မှုဖြစ်ပွားခဲ့နေရာအား အရေးပေါ်ဝါးဖောင်များချထားခြင်း၊ သံမဏိဆိုင်းကြိုးရေကာ(၁၅၀) ပေ(၄)ခုချထားခြင်းကိုဆောင်ရွက်လျက်ရှိုမှုများနှင့် မြစ်ရေပြန်လည်ကျဆင်းချိန်တွင် ကမ်းထိန်း တမံပျက်စီးမှုများကို ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေပြန်လည်ကျဆင်းချိန်တွင် ကမ်းထိန်းတမံပျက်စီးမှုများကို အမြန်ဆုံးပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကိုဖြည့်စွက်မှာကြားခဲ့သည်။

    ဆက်လက်၍ ၂၀၂၄ -  ၂၀၂၅ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့သောအလျား ၂၆၃၀မီတာ သောင်တူးလိုင်းရေစီးဆင်းနေမှူအခြေအနေနှင့်သောင်တူးလိုင်းရေစီးဆင်းမှုအားကောင်းစေရန်သောင်တူးဖော်နေမှုအခြေအနေများကိုပေါ်  မြစ်ဖြတ်မြောင်းရေစီးအား ကောင်းမွန်စေရေးနှင့် လိုအပ်သည်များကိုဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။

DOCA (ဧရာဝတီ)