Main menu

ဘီးလင်းမြို့နယ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

     မွန်ပြည်နယ်၊ ဆရာစံရပ်ကွက်၊ အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း၌ (၁၅.၈.၂၀၂၅) ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေး ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

     အဆိုပါ ဟောပြောပွဲ၌ ကျောင်းအုပ်ဆရာကြီး ဦးရန်နိုင်ဦးမှ အဖွင့်အမှာစကားပြောကြား၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ‌ဒေါ်ဇင်ဖြူဝင်းနှင့် သထုံခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးစည်သူတို့မှ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ တာဝန်များကို ဦးစွာ ရှင်းလင်းပြီး ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ အကြောင်း၊ ဘေးအန္တရာယ်ရှိသောကုန်စည်များအကြောင်း၊ Online လိမ်လည်မှုများအကြောင်း တို့နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပါက တိုင်ကြားနိုင်မည့်နည်းလမ်းများကို ဟောပြော ဆွေးနွေးပြီးနောက် မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ‌ဒေါက်တာသော်သော်လမင်းမှ ခွေးရူးပြန်ရောဂါအကြောင်းတို့ကို ‌ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီး ဦးရန်နိုင်ဦးနှင့် ဆရာ/ဆရာမ (၇) ဦး၊ ကျောင်းသား/ကျောင်းသူ (၁၆၁) ဦး တက်‌ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)