Main menu

ရမည်းသင်းခရိုင်တွင် Online Shopping ရောင်းချသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ၂၀၂၅ ခုနှစ် ဩဂုတ်လ (၁၃) ရက်နေ့၌ ရမည်းသင်းခရိုင်ရှိ ကုန်သည်လုပ်ငန်းရှင်များအား ပဒေသာအလုပ်ရုံ တွင် Online Shopping ရောင်းချခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

   ရှင်းလင်းဆွေးနွေးရာ၌ ခရိုင်းဦးစီးမှူး၊ ဦးဇော်မင်းမှ အွန်လိုင်းစနစ်ဖြင့် ကုန်စည်/ဝန်ဆောင်မှု ရောင်းချ ခြင်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီး ဌာန၏ www.ecomreg.com.mm တွင် မှတ်ပုံတင်ခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင် လက်မှတ် SMEs မှတ်ပုံတင်လက်မှတ်များ တင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန် မလိုအပ်ပါကြောင်း၊ ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်း ထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ ၊ Online Sale Owner ၏ မှတ်ပုံတင်၊ နေထိုင်ကြောင်း လိပ်စာ မှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Sale Lago များ ပြင်ဆင်ထား ရန်လိုအပ်ကြောင်း Online Sale လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone Number ဖြင့် Sing Up (Register) ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ Online Shopping မှတ်ပုံတင်လျှောက် ထားခြင်းမရှိပဲ Online မှ ‌ရောင်းဝယ်မှုများပြုလုပ်ခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ၊ ပုဒ်မ (၅) အရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်ခြင်း ဆောင်ရွက် ရာတွင် အမှန်တကယ်ဆောင်ရွက်မှုရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများအနေဖြင့် အွန်လိုင်းစနစ် ကို ကိုယ်တိုင်လုပ်ကိုင်ခြင်းမရှိပါကလည်း မိမိတို့ပတ်ဝန်းကျင်၌ လုပ်ကိုင်ဆောင်ရွက်သူများ ရှိပါက အသိပေးပြောကြားပေးရန်ဖြစ်ကြောင်း၊ ယခုအခါ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော စားသောက် ကုန်၊ လူသုံးကုန်၊ ဝန်ဆောင်မှုစသည်တို့မှာ များစွာရှိကြောင်း၊ အွန်လိုင်းစနစ်ကို မှတ်ပုံတင်ခြင်းအား ဖြင့် လုပ်ငန်းလုပ်ကိုင်သူနှင့် ဝယ်ယူစားသုံးသူနှစ်ဦးနှစ်ဖက် လုံခြုံစိတ်ချရမှုရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)