
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး ခရိုင်ဦီးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရားဦးစီးဌာန ၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှအဖွဲ့သည် ၂၀၂၅ ခုနှစ် ဩဂုတ်လ (၁၁)ရက်နေ့ နံနက် (၁၀:၃၀)နာရီ အချိန်တွင် မိတ္ထီလာမြို့နယ်၊ အ.ထ.က(၂)၌ စားသုံးသူ ပြည်သူ များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟော ပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာ ဌာနခွဲ တာဝန်ခံ ဒေါ်သိမ့်သူဇာမောင်(ဒု-ဦီးစီးမှူး) မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့် အရေးများ၊တာဝန်များ၊ ကုန်စည်(သို့)ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍အာမခံချက်များအပေါ် စားသုံးသူမှ တောင်းဆိုနိုင်သည့်အချက်များ၊ စားသုံးသူပြည်သူများ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် မှန်ကန်စွာ ရွေးချယ်ဝယ်ယူတက်စေရန် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းသည့်အချက်များ ၊ စားသုံးသူနစ်နာ ဆုံးရှုံးမှုဖြစ်၍ တိုင်ကြားမှုများကို ဖြေရှင်းဆွေးနွေးပေးခဲ့သည့် ဖြစ်စဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူနစ်နာ ဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာ (CICC)နှင့် Consumer Call Center (1535) သို့ ဆက်သွယ်နိုင် တိုင်ကြား နိုင်ကြောင်းနှင့် Consumer Call Center (1535)သို့ နမူနာ ခေါ်ဆိုဆွေးနွေးခဲ့ပြီးတက်ရောက်လာသူများမှလည်း သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ဆရာ/မ၊ကျောင်းသား/သူ လူဦးရေ (၅၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရ ပါသည်။
DOCA(မန္တလေး)