Main menu

ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံး အစည်းအဝေး ခန်းမတွင် ဩဂုတ်လ ၁၄ရက်နေ့၊နေ့လယ် ၁၃:၃၀နာရီ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းရေးအတွက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Virtual ဖြင့် ပြုလုပ်ခဲ့ပါသည်၊၊

     လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ဒုတိုင်းဦးစီးမှူး နှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် ဧရာဝတီကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှအမှုဆောင်နှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ပါသည်၊၊

          မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများမှ အသင်း ပြန်လည်ဖွဲ့စည်းရန် သတင်းစာတွင်ထည့်သွင်းရမည့်ကိစ္စ၊ အသင်းများမှ ဖိတ်ကြားစာရင်းနှင့် တက်ရောက်သူများ ဆက်သွယ်ရန်ကိစ္စ ရွေးချယ်ပွဲပြုလုပ်မည့် ရက်စွဲ၊ နေရာနှင့် လိုအပ်သည့်များကို ဆွေးနွေးပြောကြားခဲ့ပြီး အမှုဆောင်အဖွဲ့မှလည်း ရွေးချယ်ပွဲနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် အသင်းရွေးချယ်ပွဲ အောင်မြင်စွာ ဖွဲ့စည်းနိုင်ရေး ဆွေးနွေးပြောကြားခဲ့ပါသည်၊၊

(Doca ဧရာဝတီ)