
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ဩဂုတ်လ ၁၄ ရက်နေ့တွင် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးအပါအဝင် တိုင်းအဆင့် ဌာနဆိုင်ရာများနှင့်အတူ ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာတွင် ရေတော်မိုးတောထွန်းတုံး ပိတ်ပွဲအခမ်းအနားနှင့် သွင်းအားစု ဓာတ်မြေဩဇာများ ထောက်ပံ့ပွဲ အခမ်းအနားတက်ရောက်ခဲ့ပါသည်၊၊
စိုက်ဧက ၂၇ သိန်းအား ရေတော်၊ မိုးတောထွန်တုံးပိတ်ခြင်း တောင်သူများအားသွင်းအားစု ဓာတ်မြေဩဇာများပေးအပ်ခြင်း ကောက်စိုက်လုံမပျိုများအား စားသောက်ဖွယ်ရာ လက်ဆောင် ပစ္စည်းအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်၊၊
ရေကြည်မြို့နယ်နွားရေတိုက် ကျေးရွာရှိ ရေကြည်ပေါ်ဆန်းမွှေးကို မိရိုးဖလာ စိုက်နည်း စနစ်များ ဓာထုကင်းလွတ်သည့် နည်းစနစ်များ အသုံးပြု၍ ယခင်နှစ်များစွာက ထိန်းသိမ်းလာသည့် အမွှေးရနံ့မပျယ်သည့် ပေါ်ဆန်းမွှေးအပြင်တစ်ဖန်ပြန်လည်ရှင်သန်စေရန် ကြိုးစားဆောင်ရွက်ရန် ယခင်အစဉ်အလာဂုဏ်ကို ဆက်လက်ထိန်းသိမ်းဆောင်ရွက် စေလိုကြောင်း ပြောကြားခဲ့ပါသည်၊၊
(Doca ဧရာဝတီ)